ကျောက်ဆည်ခရိုင်၌ ပဲတီစိမ်း (မိုးကြို) သီးနှံစိုက်ပျိုးထားရှိမှုနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Thu, 05/30/2024 - 05:03 -- mocadmin

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင် ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ပဲတီစိမ်း(မိုးကြို) စိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်၌ ၅၇၆၁ ဧက၊ စဉ့်ကိုင်မြို့နယ်၌ ၄၄၉၇ ဧက၊ မြစ်သားမြို့နယ်၌ ၈၄၁၁ ဧက၊ စုစုပေါင်း ၁၈၆၆၉ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများ အရ သိရသည်။

    ပဲတီစိမ်း (မိုးကြို) ကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လနှင့် ဇူလိုင်လများ တွင် ရိတ်သိမ်းကြကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့် ရေဆင်း-၁၁ မျိုးများ ကိုသာ အများဆုံး စိုက်ပျိုးကြပြီး ယခုနှစ်၌ ပဲတီစိမ်း (မိုးကြို) စိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှု မရှိသော် လည်း ဆည်ရေသောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၃၀၀,၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခုအချိန်တွင် ပဲတီစိမ်း စိုက်ခင်းများမှာ အသီးအပွင့်ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိ ပြီး ပဲတီစိမ်းအသစ်များ ထွက်ပေါ်ခြင်းမရှိသေးကြောင်း၊ လက်ရှိအချိန်တွင် ဈေးကွက်၌ ယခင်နှစ်က ထွက်ပေါ်ခဲ့သည့် ပဲတီစိမ်းအဟောင်းများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages