လိပ်သိုဒေသ၌ နနွင်းစိုက်ပျိုးမှုနှင့် စျေးကွက်အခြေအနေ

Tue, 06/04/2024 - 04:45 -- mocadmin

ပဲခူးတိုင်းဒေသကြီး၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ တောင်သူများသည် ဥယျာဉ်ခြံ လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများအပြင် တောင်ယာလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်လျက်ရှိကြောင်း၊ ယခုမိုးဦးကျကာလတွင် တောင်ယာခင်းများ၌ နနွင်းများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

နနွင်းစိုက်ပျိုးရာတွင် ယခင်နှစ်က မျိုးကောင်းမျိုးသန့်အဖြစ် ရွေးချယ်သိုလှောင်ထားသော နနွင်းများကိုမိုးဦးမကျမီနှင့် မိုးဦးကျကာလတွင် စိုက်ပျိုးကြကြောင်း၊ နနွင်းတက်များကို တောင်ငူမြို့ ရှိ နနွင်းအဝယ်ဒိုင်များသို့ ရောင်းချရကြောင်း၊ ယခင်နှစ်က နနွင်းဈေးကောင်း ရရှိခဲ့သောကြောင့် ယခုနှစ်တွင်လည်း တောင်သူများအနေဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်၍ နနွင်းများ ယခင်နှစ်က ထက် ပိုမိုစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

DOCA (ပဲခူး)

Local Trade News

Pages