ပခုက္ကူကုန်စည်ဒိုင်၌ ပဲယင်းဝါ၊ ပဲယင်းနီအရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းဈေးကွက်

Thu, 02/08/2024 - 03:45 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်သည် စီးပွားရေးအချက်အချာကျပြီး ပခုက္ကူရှိ ကျွန်းရွာများအပြင် ယောနယ်ဒေသ၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မြင်းခြံမြို့နယ်၊ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ပုလဲနယ်စသည့်နယ်ပေါင်းစုံမှ ထွက်ရှိသောသီးနှံများ ကုန်စည်ဒိုင်သို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၊ စတုတ္ထပတ်မှ စတင်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

   ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများအနေဖြင့် ပဲစင်းငုံနီ၊ ပဲယင်း ဝါ၊ ပဲယင်းနီနှင့် နှမ်းမျိုးစုံများအနက် ပဲယင်းဝါနှင့်ပဲယင်းနီသီးနှံများမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ ဒုတိယပတ်မှစတင်ဝင်ရောက်၍ အရောင်းအဝယ်သွက်နေကြောင်း၊ ဈေးနှုန်းများအနေဖြင့် ပဲယင်းဝါ တစ်တင်းလျှင် ဇန်နဝါရီလ၊ ဒုတိယပတ်တွင် ကျပ် ၅၃,၀၀၀ ဖြင့်လည်းကောင်း၊ တတိယပတ်တွင် ကျပ် ၅၃,၅၀၀ ဖြင့်လည်းကောင်း၊ စတုတ္ထပတ်တွင် ကျပ် ၅၆,၀၀၀ ဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ ဆန်းတွင်ကျပ် ၆၀,၀၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှု အနေဖြင့် တစ်ရက်လျှင် အိတ် ၅၀ မှ ၅၀၀ အထိရှိခဲ့ကြောင်း သိရသည်။

   ပဲယင်းနီဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ဇန်နဝါရီလ၊ ဒုတိယပတ်တွင် ကျပ် ၇၆,၅၀၀ ဖြင့် လည်းကောင်း၊ တတိယပတ် တွင်ကျပ် ၇၈,၀၀၀ ဖြင့် လည်းကောင်း၊ စတုတ္ထပတ်တွင် ကျပ် ၇၉,၂၀၀ ဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလဆန်းတွင် ကျပ် ၇၇,၀၀၀ ဖြင့်လည်းကောင်း၊ အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရသည်။

Local Trade News

Pages