ရွှေတောင်မြို့နယ်မှ ကျောက်ဖရုံသီးဈေးကွက်အခြေအနေ

Tue, 06/11/2024 - 04:06 -- mocadmin

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် ကျောက်ဖရုံသီးပင်များ စိုက်ပျိုးပြီး ဝင်ငွေများရရှိလျက်ရှိကြောင်း၊ ကျောက်ဖရုံသီးပင်စိုက်ပျိုးရာတွင် စင်တင်စနစ်ဖြင့် စိုက် ပျိုးခြင်းဖြစ်ပြီး အထွက်နှုန်းအနေဖြင့် ကျောက်ဖရုံစင်တစ်စင်ကို ခူးဆွတ်ရာတွင် တစ်ကြိမ်လျှင် အလုံး ပေါင်း ၅၀ လုံးခန့်ရရှိပြီး တစ်လလျှင် ၄ ကြိမ်နှုန်းဖြင့် အနည်းဆုံး ၃ လအထိ ခူးဆွတ်ရပြီး ဈေးကွက် အနေဖြင့် ရွှေတောင်မြို့နယ်မှ ထွက်ရှိသော ကျောက်ဖရုံသီးများကို ဒေသတွင်းအပြင် အခြားမြို့နယ် များရှိ ကျောက်ဖရုံယိုထုတ်လုပ်သည့် လုပ်ငန်းများနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA (ပဲခူး)

Local Trade News

Pages