ဈေးတန်းမြင့်တက်မည့် အခြေအနေကြောင့် အဝယ်များရှိလာ

Wed, 03/08/2017 - 07:03 -- admin_ygn

ရန်ကုန်မြို့ကားဈေးကွက် မတ်လ ဆန်းပိုင်း အခြေအနေမှာ ယခင်လများ ကဲ့သို့ပင်  ကားတစ်စီးအတွက် ထပ်မံ တိုးမြှင့်ကောက်ခံသွားမည့် အခွန်ဆိုင် ရာကိစ္စရပ်များသတင်းကြောင့် အင်ဂျင် ပါဝါသေးကားလေးများ အဝယ်ရှိလာ သလို စလစ်ကပ်ကားများလည်း အရောင်း အဝယ်ဖြစ်လာကြောင်း သိရသည်။
စလစ်ကပ်ကားများအား  ဧပြီလ ၁ ရက်မှစတင်၍  အထူးကုန်စည်ခွန် ကောက်ခံမည့်သတင်းကြောင့် မတ်လ ကုန်သည်အထိ ရသည့်အချိန်အတွင်း ဆောင်ရွက်ရန် လိုင်စင်လျှောက်ထားမှု များနှင့် စလစ်ဝယ်ယူမှုများပြားလာ သဖြင့် စလစ်ဈေးတန်းမှာ ယခင်တစ် ပတ်များထက်ပင် လေးသိန်းခန့်ထပ်မံ မြင့်တက်ကာ  ၁၁၈ သိန်း၊ သိန်း ၁၂၀ ခန့်ရောက်ရှိလာကြောင်း နောက်ထပ် စလစ်လိုအပ်ချက် များပြားနေမည်ဖြစ် ၍ စလစ်ဈေးတန်းမှာ မတ်လကုန်ခါနီး အထိ  ပိုမိုမြင့်တက်လာနိုင်ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း  ကိုမြင့်ကျော်က ရှင်းပြသည်။
ရန်ကုန်  ကားဈေးကွက်နှင့် မန္တလေး အစရှိသည့် မြို့ကြီးများ၏ ဈေးကွက်များတွင်ပါ  ကားဈေးနှုန်း အတက်ဘက်သို့  ဦးတည်နေကြောင်း ခန့်မှန်းပြောဆိုနေကြသဖြင့် ဈေးတန်း အား ယခုဈေးနှင့်မီရန်အတွက်  အရန် ဝယ်ယူမှုများရှိလာကြောင်း၊ သို့ရာတွင် ဈေးကွက်လိုအပ်ချက်မှာ ယခင်နှစ် များစွာက  တင်သွင်းခဲ့သည်အတွက် ယခုအချိန်တွင် ပြည့်မီနေသဖြင့် ထူး ထူးခြားခြား အရောင်းအဝယ် တိုးတက် လာခြင်း မရှိသေးကြောင်း ၎င်းင်းမှပြော သည်။
မြင့်တက်လာသော ဈေးတန်းအရ စလစ်ကပ်ကားများမှာ ထိပ်ဆုံးမှရှိနေ ပြီး ဒုတိယအနေဖြင့် နံပါတ်ထွက်ပြီး ကားသစ်လေးများ၊ အက္ခရာနိမ့်အသုံး ပြုဆဲ ရန်ကုန်လိပ်စာပေါက် ကား ဟောင်းများ ဈေးကွက်အဆင့်ဆင့်ရှိနေ ပြီး အသုံးများသည့် အငှားယာဉ်တက္ကစီ အချို့လည်း ဈေးကွက်ရနေကြောင်း၊ ဈေးတန်းကာမိစေရန် ယခုအချိန်ဝယ် ယူသူများမှာ သိန်း ၁၅၀ ဝန်းကျင်ကား လေးများနှင့် သိန်း ၂၅၀၊ သိန်း ၃၀၀ ဝန်းကျင်စလစ်ကပ်ကားများ ဝယ်ယူလာ ကြသဖြင့် အရောင်းအဝယ်လှုပ်လှုပ်ရှား ရှားရှိနေကြောင်း သိရသည်။
SN

Local Trade News

Pages