ဆန်ချောရောဆန်ကြမ်းပါ အဝင်နည်းပြီးအရောင်းအဝယ်အေးနေ

Thu, 05/17/2018 - 08:56 -- admin_ygn

ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောရော ဆန်ကြမ်းပါ အဝင်နည်းပြီး အရောင်းအဝယ်လည်း ငြိမ်နေကြောင်း ဝါးတန်းဆန် ကုန်စည်ဒိုင်မှ သိရပါတယ်။ ကုန်စည်ဒိုင်ရဲ့လက်ကား ဈေးနှုန်းများအရ   ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ကျပ် ၃၈၀၀၀ နဲ့ လတ်စတစ်အိတ်ကျပ် ၃၅၅၀၀၊ ပုသိမ်၊ မြောင်းမြ ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကျပ် ၄၆၀၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၄၄၀၀၀၊ နယ်စုံကျိုက်လတ်ထိပ်စ တစ်အိတ်ကျပ် ၃၆၀၀၀ နဲ့ လတ်စတစ်အိတ်ကျပ် ၃၄၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၅၃၀၀၀ မှ ကျပ် ၅၅၀၀၀ ၊ နယ်စုံကျားပျံ ရှယ်တစ်အိတ် ကျပ် ၄၀၀၀၀ မှကျပ် ၄၂၀၀၀ရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေ ပါတယ်။ ပေါ်ဆန်း အသစ်ရှယ် တစ်အိတ်ကျပ် ၃၇၀၀၀ မှ ကျပ် ၃၈၅၀၀၊ ဒေးဒရဲကျားပျံ တစ်အိတ်ကျပ် ၄၃၀၀၀ မှကျပ် ၄၅၀၀၀ ရှိပြီး ယခင်တစ်ပတ်ဈေးထက် တစ်အိတ်ကို  ကျပ် ၁၀၀၀ ခန့် ဈေးတက်ကြောင်းသိရပါတယ်။ ကုန်စည်ဒိုင်ကို ဆန်အဝင်နည်း ပြီး   အရောင်းအဝယ်လည်း   အေးနေတယ်လို့ ဝါးတန်းဆန် ဈေးကွက်မှ သိရှိရပါတယ်။

ယခုတစ်ပတ် ကုန်စည်ဒိုင်ရဲ့ဆန်ကြမ်းဈေးများမှာ  ဧည့် မထ ၂၅ မှတ် တစ်အိတ်ကျပ် ၁၉၇၀၀ မှ ကျပ် ၂၀၂၀၀၊ ရက် ၉၀ အသစ်တစ်အိတ်ကျပ် ၂၂၀၀၀ မှ ကျပ် ၂၂၅၀၀၊ သီးထပ်ရှယ် တစ်အိတ်ကျပ် ၂၁၅၀၀ မှ ကျပ် ၂၁၈၀၀ ရှိပြီး တစ်အိတ်ကို ကျပ် ၂၀၀ မှ ကျပ် ၄၀၀ခန့်အထိ  ဈေးကျကြောင်းသိရပါတယ်။ မိုးသုခ တစ်အိတ်ကို ကျပ် ၂၄၅၀၀ မှ ကျပ် ၂၆၀၀၀၊ အကြမ်းအသစ် တစ်အိတ်  ကျပ် ၂၂၇၀၀ မှ ကျပ် ၂၃၀၀၀ ရှိပြီး ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်နေပါတယ်။

ကုန်စည်ဒိုင်ကို ဆန်ချောရော  ဆန်ကြမ်းပါ အဝင်နည်းပြီး အရောင်းအဝယ်က   ဒီတစ်ပတ်အတွင်း ပြန်အေးနေတယ်လို့ ဝါးတန်းကုန်စည်ဒိုင်မှ သိရပါတယ်။                        

ယဉ်ယဉ်အေး

Local Trade News

Pages