တရုတ်နိင်ငံက အီးယူ နှင့် အမေရိကန်တို့၏ ဓာတုပစ္စည်း စုပုံတင်သွင်းမှုအပေါ် တန်ပြန်ရန် စုံစမ်းစစ်ဆေးနေမှု

Fri, 05/31/2024 - 03:35 -- wtodep

တရုတ် စီးပွား/ကူးသန်းဝန်ကြီးဌာန၏ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်အရ တရုတ်သွင်းကုန်အပေါ် အီးယူမှ စုပုံတင်သွင်းခြင်းနှင့် အထောက်အပံ့ပေးခြင်းအတွက် တန်ပြန်ခွန်ကောက်ခံရန် စုံစမ်းမှုများ စတင်ခဲ့ပြီးနောက် အမေရိကန်ကလည်း တရုတ်၏ စွမ်းအင်ပစ္စည်းများအပေါ် အလားတူ အကြောင်းပြ ချက်များဖြင့် အကောက်ခွန် ကောက်ခံမှုများ စတင်ခဲ့ရာ တရုတ်သည် အီးယူ၊ အမေရိကန်၊ ဂျပန်နှင့် ထိုင်ဝမ်နိုင်ငံတို့မှ ဓာတုပစ္စည်းများ စုပုံတင်သွင်းမှုအပေါ် စုံစမ်းမှုများ စတင်ပြီဖြစ်ပါသည်။

တရုတ်စက်မှုလုပ်ငန်းအပေါ် အီးယူ၏ စံနှစ်ထပ်စစ်ဆေးမှုများအား တန်ပြန်ရန် လုံလောက်သည့် နည်းလမ်းများရှိကြောင်း၊ အီးယူအနေဖြင့် ယခုနည်းလမ်းများကို ဆက်လက်ကျင့်သုံးနေပါက တန်ပြန် နည်းလမ်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  တရုတ်နိုင်ငံပိုင်ရုပ်သံလိုင်း CCTV နှင့် မိတ်ဖက်ဖြစ် သည့် Yuyuan Tantian ရုပ်သံလိုင်းမှ သတိပေးခဲ့ပြီးနောက် ၂၄ နာရီအတွင်း စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။

စီးပွား/ကူးသန်းဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် စုံစမ်းစစ်ဆေးမှုကို တစ်နှစ်အတွင်းအပြီး ဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်ပါက (၆) လအထိသက်တမ်းတိုးမည်ဖြစ်ကြောင်း၊ တရုတ် ထုတ်လုပ်သူ လုပ်ငန်းရှင် (၆) ဦးက ရင်းမြစ် ၄ ခု မှ POM copolymer တင်သွင်းမှုများကြောင့် ပြည်တွင်းစက်မှု လုပ်ငန်းကို များစွာထိခိုက်နစ်နာခဲ့ကြောင်း ပူးတွဲတင်ပြခဲ့မှုကြောင့် စုံစမ်းရခြင်းဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

(polyformaldehyde copolymer မှာ ကြေးနီ၊ ဇင့်၊ သံနှင့် ခဲ စသည့် သတ္တုပစ္စည်းများအစား မော် တော်ယာဉ်အစိတ်အပိုင်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အားကစားနှင့် ဆေးပစ္စည်းများဆိုင်ရာ စက်ယန္တ ရားများ၊ ပိုက်ဆက်လုပ်ငန်းများ၊ အဆောက်အဦဆောက်လုပ်ရေးလုပ်ငန်းများတွင် အများဆုံးသုံးသည့် သာမိုပလတ်စတစ်အမျိုးအစား ဖြစ်ပါသည်။)

အီးယူ-တရုတ်ဆက်ဆံရေး တည်ငြိမ်စေရန် ယခုလ အစောပိုင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်က  ဥရောပခရီးစဉ် ဆောင်ရွက်ခဲ့သော်လည်း အီးယူသည် တရုတ်နိုင်ငံမှ သံပြား၊ စတီးပြား၊ သံရည်သုတ် စတီးပြားများအပေါ် စုပုံတင်သွင်းမှုအတွက် တန်ပြန် အကောက်ခွန်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ကြာသပတေးနေ့က ဆောင်ရွက်ခဲ့ပါသည်။ အမေရိကန်ကလည်း တရုတ်လျှပ်စစ်ကားများ၊ အဆင့် မြင့်ဘက်ထရီများ၊ ဆိုလာပြားများ၊ စတီး၊ အလူမီနီယံနှင့် ဆေးပစ္စည်းများအပေါ် အခွန်နှုန်းတိုးမြှင့် ကောက်ခံရန် အင်္ဂါနေ့က အဆိုပြုခဲ့ပါသည်။

အိမ်ဖြူတော်သည် ဥရောပကုမ္ပဏီများမှ ၎င်းတို့ကို ကျော်တက်နိုင်သည့် တရုတ်လျှပ်စစ်ကားများ၊ အစိမ်း ရောင်စွမ်းအင်ကဲ့သို့ စက်မှုလုပ်ငန်းများအပေါ် တရုတ်ထောက်ပံ့မှုများအား စုံစမ်းရန် ဘရပ်ဆဲလ်မှ တောင်းဆိုနိုင်ခြေ မြင့်တင်ရန် မျှော်လင့်နေပါသည်။

တရုတ်၏ တန်ပြန်မည့် နည်းလမ်းများတွင် ဥရောပမှ ဝိုင်၊ နို့ထွက်ပစ္စည်းနှင့် လေယာဉ်ကဏ္ဍများ ပါဝင်နိုင်ကြောင်း၊ ဥရောပသမဂ္ဂဆိုင်ရာ တရုတ်ကုန်သည်ကြီးများအသင်းက သတိပေးချက်သည်  “သိသာကြောင်းနှင့် တရုတ်လုပ်ငန်းရှင်များအတွက် မျှတစေရန်လိုအပ်ကြောင်း”ထုတ်ပြန်ခဲ့ပါသည်။

ထပ်မံ၍ ဂျပန်နိုင်ငံနှင့် အမေရိကန်တို့ ပိုမိုနီးကပ်စွာ ပေါင်းစည်းမှုသည် တရုတ်အတွက် အာရှ-ပစိဖိတ်ဒေသတွင် “နေတိုးကဲ့သို့အစုအဖွဲ့”ဖြစ်လာမည်ကို စိုးရိမ်နေပြီး တရုတ်သည် ဂျပန်မှ Copolymer ကို အနည်းဆုံးတင်သွင်းသော်လည်း ၂၀၂၄ ခုနှစ်အတွင်း တရုတ်မှ တင်သွင်းမှုအများဆုံး ဖြစ်သည့် အီးယူ၊ ထိုင်ဝမ်၊ ဂျပန်နှင့် အမေရိကန် တို့တွင် ပါဝင်နေသောကြောင့် တရုတ်၏ ပစ်မှတ်တွင် ပါဝင်နေကြောင်း South China Morning Post တွင် ဖော်ပြထားသည်ကို တင်ပြအပ်ပါသည်။

Source:https://www.scmp.com

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages