လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 03/06/2024 - 04:10 -- mocadmin

   လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၇-၂-၂၀၂၄ မှ ၂-၃-၂၀၂၄ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် ၁၁၅၃.၀၀၀ တန်၊ ဆန်ကွဲ ၃၆၁.၂၅၀ တန်၊ ကြက်သွန်နီ ၃၃.၀၀၀ တန်၊ သခွားမွှေး ၇၉၇.၅၀၀ တန်၊ ပဲယင်း ၃၃.၅၀၀ တန်၊ ထောပတ်ပဲ ၃၃.၀၀၀ တန်၊ ကော်ဖီမစ် ၈.၃၀၀ တန်၊ နှမ်းဖြူ ၁၉.၁၅၀၀ တန်၊ မြေပဲဆံ ၆၂.၅၀၀ တန်၊ မြေထောက်ပဲ ၉၀၈.၀၀၀ တန်၊ ဖရဲသီး ၃၇၃၀.၀၀၀ တန်၊ သီဟိုဠ်စေ့ ၃၂.၀၀၀ တန်၊ ကြံ ၅၈၅.၀၀၀ တန်၊ တစ်သျှူးငှက်ပျော ၃၉၀၄.၀၀၀ တန်၊ ငရုတ်ဆော့ ၀.၅၀၀ တန်၊ ပဲကြီး ၃၃.၀၀၀ တန်၊ ငရုတ်သီးခြောက် ၁၆.၀၀၀ တန်နှင့် ဆီးစေ့ဆံ ၁၆.၅၀၀ တန် တင်ပို့နိုင်ခဲ့ပါသည်။

   ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် သံ ၄၆.၀၀၀ တန်၊ ဂျပ်ဖာ ၄၉.၉၀ တန်၊ အိတ် အမျိုးမျိုး ၈.၀၀၀ တန်၊ ကုန်စုံ ၇၃၆.၈၃၀ တန်၊ ၂၀၁၅၁၂ ခု၊ ၃၄၁၀၀ ရံ၊ စက္ကူ ၃၀.၀၀၀ တန်၊ ဖော့ ၅.၀၀၀ တန်၊ စက္ကူလိပ် ၁၅.၀၀၀ တန်၊ ဆေးပစ္စည်း ၁၀၈၆၅၈၀ ခု၊ ကြက်အူ ချောင်း ၁၁.၇၆၀ တန်၊ မြက်ခင်းတု ၈.၀၀၀ တန်၊ အခင်း ၉.၀၀၀ တန်နှင့် ဖိနပ် ၂၇၀၀၀ ရံ တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

DOT (လွယ်ဂျယ်)

Border Trade News

Pages