တာချီလိတ်ကုန်သွယ်ရေးစခန်း၏ကုန်သွယ်မှုအခြေအနေ

Mon, 05/20/2024 - 12:19 -- bordertrade

            တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၁-၅-၂၀၂၄ မှ ၁၇-၅-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၈,၈၂၅.၇၇၆) တန်၊ တန်ဖိုး (၄.၂၁၁) ဒေါ်လာသန်း၊ ကြက်သွန်နီ (၃၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၂၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၄၈) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ(၂၄၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၇)ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၄.၃၀၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁)သိန်းလျှင် (၉၁၁.၁၄၁)ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

         တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်း များ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၁၁-၅-၂၀၂၄ မှ ၁၇-၅-၂၀၂၄) တွင် ဓာတ်ဆီ (၃,၂၈၉) BBL၊ တန်ဖိုး (၀.၃၂၂) ဒေါ်လာသန်း၊ ဒီဇယ် (၂,၃၅၈) BBL ၊ တန်ဖိုး (၀.၂၅၁) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၃၆၅) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၁.၂၁၀) ဒေါ်လာသန်း၊ ဆောက်လုပ်ရေး ပစ္စည်းများ (၀.၁၁၀) ဒေါ်လာသန်း၊ စက်ဆီချောဆီ (၀.၀၀၃) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၄၁) ဒေါ်လာသန်း၊ သုတ်ဆေးနှင့် ပေါလစ်များ (၀.၀၂၁) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ (၀.၀၁၈) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၀၈) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၄၀) ဒေါ်လာသန်း အပါအဝင် သွင်းကုန်တန်ဖိုး (၂.၄၈၉) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

Border Trade News

Pages