မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Mon, 05/20/2024 - 12:21 -- bordertrade

             မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မေ(၁၄)ရက်နေ့မှ (၁၈)ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့် (၁) တန် လျှင် (၈၉၇) ဒေါ်လာနှုန်းဖြင့် (၇၅၀) တန် ၊ တန်ဖိုး (၀.၆၇၃) ဒေါ်လာသန်းအား ရေလမ်းကြောင်းဖြင့် လည်းကောင်း၊ ငါးကြိတ်သား (၁) တန် လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၂၈.၈) တန် ၊ တန်ဖိုး (၀.၀၅၂) ဒေါ်လာသန်း၊ မုတ်ခွံ (၁) တန်လျှင် (၁၇၀၂) ဒေါ်လာနှုန်းဖြင့် (၂၇) တန် ၊ တန်ဖိုး (၀.၀၄၆) ဒေါ်လာသန်းအား ကားလမ်းကြောင်း ဖြင့်လည်းကောင်း ထိုင်းနိုင်ငံသို့တင်ပို့နိုင်ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၇၇၁) ဒေါ်လာသန်းအား တင်ပို့နိုင် ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်း အနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန် လျက်ရှိကြောင်း သိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မေ (၁၄)ရက်နေ့မှ (၁၈)ရက်နေ့အတွင်း သွင်းကုန် ဒီဇယ်ဆီ (၁)တန်လျှင် (၈၇၁.၆) ဒေါ်လာနှုန်းဖြင့်(၁၈၀၀) တန်၊ တန်ဖိုး (၁.၅၆၉)ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန်လျှင် (၉၅၆) ဒေါ်လာနှုန်းဖြင့်(၃၀၀) တန်၊ တန်ဖိုး (၀.၂၈၇)ဒေါ်လာသန်း ၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၄၃၀.၅၆၈) တန်၊ (၁၃၁၁၃၁) M2 ၊ (၁၄၆၀၆) U ၊ တန်ဖိုး (၀.၃၇၉) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၄၃.၄၂၈)တန်၊ (၂၄) U ၊ တန်ဖိုး (၀.၁၆၄) ဒေါ်လာသန်း စုစုပေါင်းသွင်းကုန်တန်ဖိုး (၂.၃၉၉) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။

Border Trade News

Pages