မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Mon, 05/20/2024 - 12:23 -- bordertrade

             မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မေလ(၁၅) ရက်နေ့မှ (၁၈)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၇၅၁၂) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၈၉၀) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၈၄၀၂) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

           မောတောင်ကုန်သွယ်ရေးစခန်းမှ မေလ(၁၅) ရက်နေ့ မှ (၁၈) ရက်နေ့ အထိ လယ်ယာထွက်ကုန် ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၇၂.၂၀၈) တန်၊ တန်ဖိုး (၀.၀၃၃၄) ဒေါ်လာသန်း၊ ငရုတ်သီး (၁၇၉.၇၆) တန်၊ တန်ဖိုး (၀.၁၁၃၆) ဒေါ်လာသန်း၊ ငှက်ပျောသီး (၃၀) တန်၊ တန်ဖိုး (၀.၀၀၈၈) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၃၂၆.၉၂၄) တန်၊ တန်ဖိုး (၀.၄၈၂၅) ဒေါ်လာသန်း၊ သစ်တောထွက်ပစ္စည်း အနေဖြင့် ဓနိဖက် (၂၇) တန်၊ တန်ဖိုး (၀.၀၀၅၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် ကြွေပြား (၂၉၅၀၀) M2၊ တန်ဖိုး (၀.၀၀၅၆) ဒေါ်လာသန်း၊ ကျောက်ပြား (၃၁.၅၀၀) တန်၊ တန်ဖိုး (၀.၀၁၂၉) ဒေါ်လာသန်း၊ အမွှေးဆီ (၃၇.၉၀၈)တန်၊ တန်ဖိုး (၀.၀၄၃၄) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၂၂.၇၂၇) ဒေါ်လာနှုန်း၊ ပုစွန် (၁၃၉၅၆.၇၉၆) ဒေါ်လာနှုန်း၊ ကဏန်း (၂၃၄၁.၅၁၁) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၉၂.၀၁၆) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၆၂.၅၅၃) ဒေါ်လာနှုန်း၊ ငရုတ်သီး (၆၃၁.၉၅၄) ဒေါ်လာနှုန်း၊ ငှက်ပျောသီး (၂၉၃) ဒေါ်လာနှုန်း၊ ဓနိဖက် (၂၀၀)  ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - ကြွေပြား (၀.၂) ဒေါ်လာနှုန်း၊ ကျောက်ပြား (၄၀၉) ဒေါ်လာနှုန်း၊ အမွှေးဆီ (၁၁၄၅) ဒေါ်လာနှုန်း  ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Border Trade News

Pages