ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသည့် သတ္တုတူးဖော်ရေးလုပ်ငန်းများ လာမည့်နှစ်အတွင်း ဝင်ရောက်ရန်ရှိဟုဆို

Fri, 12/27/2019 - 08:36 -- admin_ygn

     ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသည့် မိုင်းသတ္တုတူးဖော် ရေး လုပ်ငန်းများကို လာမည့် ၂၀၂၀ ခုနှစ်အတွင်း ဝင်ရောက် ရန်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။ ဒီဇင်ဘာ ၁၇ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန၌ ပြုလုပ်သည့် သတင်းမီဒီယာတွေ့ဆုံပွဲတွင် ယင်း သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ "အခု လာမယ့်နှစ်မှာတော့ ပြီးခဲ့တဲ့နှစ်က ကျန်နေတဲ့ လုပ်ငန်းမျိုးတွေဖြစ်တဲ့ မိုင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ လာမယ်လို့ ခန့်မှန်းတယ်။ ဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာနက လည်း အသေးစိတ်စိစစ်နေတဲ့အပိုင်း ဖြစ်ပါတယ်။ ရင်းနှီး မြှုပ်နှံမှု ပမာဏက ကြီးပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေ တိုးတက်လာဖို့ ရှိပါတယ်" ဟု ၎င်းက ပြောသည်။ 
     အဆိုပါ သတ္တုတူးဖော်ရေး လုပ်ငန်းများသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က ကျန်ခဲ့သည့် လုပ်ငန်းအမျိုးအစားများ ဖြစ်ပြီး ယင်းလုပ်ငန်းများ ခွင့်ပြုပေးရာတွင် သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုနည်းသည့်လုပ်ငန်းမျိုးဖြစ်စေရန် သက် ဆိုင်ရာ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (သတ္တုတွင်း) မှ စနစ်တကျ စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ အစိုးရအနေနှင့်လည်း လျှပ်စစ်ကဏ္ဍကို ယခုအချိန် တွင် အားပေးနေခြင်း ဖြစ်သောကြောင့် မကြာမီကာလတွင် လျှပ်စစ်ထုတ်လုပ်ရန်အတွက် သဘာဝဓာတ်ငွေ့နှင့် ပတ် သက်သော လုပ်ကွက်များကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ချထားပေးရန် ရှိကြောင်း သိရသည်။ လာမည့် ဘဏ္ဍာရေးနှစ်တွင် သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် လျှပ်စစ်ထုပ်လုပ်ရေး လုပ်ငန်းများ၌ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ပြီး လက်ရှိတွင် အိမ်ခြံမြေ နှင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများလည်း ပုံမှန်ဝင်ရောက် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း ၎င်းက ပြောသည်။ သတ္တုတူး ဖော်ရေးကဏ္ဍတွင် ၁၉၈၈ ခုနှစ်မှ လက်ရှိ ဘဏ္ဍာရေးနှစ်အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၆ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ၂ ဒသမ ၃၇၄ ဘီလီယံခန့် ဝင်ရောက် ထားကြောင်း သိရသည်။

 

ပန်းဆု

Local Trade News

Pages