မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ပြောင်းရောင်းဝယ်ရေးဆိုင်ရာ အစည်းအဝေးကျင်းပ

Thu, 11/28/2019 - 07:33 -- admin_ygn

         မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင်  Duty Free Quota Free  ဖြင့် တစ်နှစ်ပတ်လုံးတင်ပို့ခွင့်ရရှိနိုင်ရေးအတွက် ရည်ရွယ်ကာ မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ပြောင်း ရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး ကို နိုဝင်ဘာ ၁၈ ရက်တွင်  မြန်မာနိုင်ငံ  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဦးဆောင်ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာဘက်မှကုန်သွယ်ရေး ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်  ဦးဆောင်၍  စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဌာနဆိုင်ရာအရာရှိကြီးများနှင့် မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်းမှ တာဝန်ရှိသူများပါဝင်သော    မြန်မာ ကိုယ်စားလှယ် ၄၄ ဦးနှင့် ထိုင်းနိုင်ငံ   စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ   Public Warehouse Organization( PWO)၊ Department of International Trade Promotion (DITP) ၊ နှင့် ထိုင်းနိုင်ငံရှိ  ပြောင်း   တင်သွင်းသူ များ ပါဝင်သော ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်  ၄၁ ဦး  စုစုပေါင်း မြန်မာ-ထိုင်း ကိုယ်စားလှယ် ၈၅ ဦး တက်ရောက်ခဲ့သည်။

         လက်ရှိတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ပြောင်းတင်ပို့ရာတွင် ထိုင်းနိုင်ငံ၏ မူဝါဒအရ နှစ်စဉ် ဖေဖော်ဝါရီ  ၁  ရက် မှ သြဂုတ် ၃၁  ရက်အထိ  Duty Free Quota Free  ဖြင့် တင်ပို့ လျက်ရှိသည်။   မြန်မာနိုင်ငံအနေဖြင့် ပြောင်းများကို ခွင့်ပြု ကာလအတွင်း ထိုင်းနိုင်ငံသို့  အကောက်ခွန်လွတ်တင်ပို့နိုင်ခဲ့ သော်လည်း သတ်မှတ်ကာလ ကျော် လွန်ချိန်နောက်ပိုင်း တင် ပို့ရန် ပြောင်းလက်ကျန်များစွာ ရှိနေခဲ့သည်။သို့ပါ၍လက်ကျန် ပြောင်းများကို  ထိုင်းနိုင်ငံသို့ Duty Free Quota Free ဖြင့် တစ် နှစ်ပတ်လုံးတင်ပို့ခွင့်ရရှိနိုင်ရေးအတွက် ရည်ရွယ်ကာ ဤ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးတွင်  ထိုင်းနိုင်ငံ   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနလက်အောက်ရှိ Public Warehouse Organization (PWO)  အဖွဲ့အစည်းသို့ မြန်မာ နိုင်ငံမှ ပြောင်းများကို ရောင်းချနိုင်ပါက  ၎င်းတို့အနေဖြင့် တစ်နှစ်ပတ်လုံး   မြန်မာနိုင်ငံမှ ပြောင်းများကို အခွန် သုည ရာခိုင်နှုန်းဖြင့် ဝယ်ယူသွားနိုင်ကြောင်း ၊ ပြောင်းကုန်စည်သည် ထိုင်းနိုင်ငံ၏ အရေးကြီးသော စားသောက်ကုန်   ကုန်စည် တစ်ခုဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ပြည်တွင်း  ပြောင်းစားသုံးမှု လိုအပ်ချက်မှာ တစ်နှစ်လျှင် တန်ချိန်ငါးသန်းဖြစ်ကြောင်း၊ နိုင်ငံအတွင်း ထုတ်လုပ်မှုမှာ တစ်နှစ်လျှင်နှစ်သန်းသာ ထုတ် လုပ်နိုင်၍ လိုအပ်ချက်ဖြစ်သော တန်ချိန်သုံးသန်းကို ပြည်ပမှ Public Warehouse Organization (PWO) ၏ မူဝါဒမှာ   ပြည်ပရှိ ကုန်ကြမ်းအရင်းအမြစ်များကို ရှာဖွေ၍ထိုင်းနိုင်ငံ၏ ပြည်တွင်း ဈေးကွက်ကို အထောက်အပံ့ပေးရန်   ရည်ရွယ်ကြောင်း၊ မြန်မာနိုင်ငံမှ ပြောင်းကို ထိုင်းနိုင်ငံသို့တစ်နှစ်ပတ်လုံး လွတ် လပ်စွာတင်ပို့နိုင်ရေးနှင့်ပတ်သက်၍   ထိုင်းနိုင်ငံ၏ Public Warehouse Organization (PWO)  နှင့်   မြန်မာနိုင်ငံ ပြောင်း လုပ်ငန်းအသင်းတို့အကြား    ပြောင်းရောင်းဝယ်မှုနှင့်ပတ် သက်သည့် နားလည်မှုစာချွန်လွှာ(MoU)တစ်ရပ်ကို လက် မှတ်ရေးထိုးသွားမည်ဖြစ်ပြီး    အဆိုပါ MoU  အောက်တွင် Public Warehouse Organization (PWO)   အနေဖြင့် မြန်မာနိုင်ငံ မှပြောင်းတင်ပို့မည့် ကုမ္ပဏီတစ်ခုချင်း နှင့်သီးခြားစာချုပ် များချုပ်ဆို၍ပြောင်းဝယ်ယူမှုကိုပြုလုပ်သွားမည်ဖြစ်ကြောင်း တို့ကို ဆွေးနွေးညှိနှိုင်းနိုင်ခဲ့သည်။

         မြန်မာနိုင်ငံအနေဖြင့်   နှစ်စဉ်စိုက်ပျိုးထွက်ရှိသော ပြောင်းများအနက်  တန်ချိန် ၁ ဒသမ ၅  သန်းခန့်ကို ပြည်ပသို့ ပုံမှန်တင်ပို့လျက် ရှိပြီး လက်ရှိ အဓိကတင်ပို့နေသောဈေးကွက်များအပြင် ထိုင်းနိုင်ငံ၏ Public Warehouse Organization (PWO) နှင့် မြန်မာ့ပြောင်းရောင်းချနိုင်ရေးဆိုင်ရာ   ကိစ္စရပ် များအား ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းကြောင့် ယခုကျင်းပ ခဲ့သောအစည်းအဝေးသည် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး အတွက် များစွာအရေးပါသော   အစည်းအဝေးတစ်ရပ်ဖြစ် သကဲ့သို့ မြန်မာ့ပြောင်းအား ထိုင်းနိုင်ငံသို့   တစ်နှစ်ပတ်လုံး တင်ပို့ရောင်းချနိုင်ပါကမြန်မာပြောင်းစိုက်တောင်သူများနှင့် ပြောင်းကုန်သည်လုပ်ငန်းရှင်များအတွက်အခွင့်အလမ်းများတိုးတက်၍၎င်းတို့၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုး တက်လာနိုင် မည်ဖြစ်သည့်အပြင် နိုင်ငံ၏စီးပွားရေး တိုးတက်မှုအတွက်လည်း တစ်ဖက်တစ်လမ်းမှ    အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။

 

ဧပရယ်မြတ်ပြည့်ဖြူ(နှစ်နိုင်ငံ)