ဈေးဆက်လက်မာတဲ့ မုံရွာ V2

Tue, 09/06/2011 - 08:04 -- Anonymous (not verified)

သြဂုတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ V2 ဈေးဆက်လက်မာနေပြီး ကျန်ကုလားပဲ များ လည်းဈးတန့်နေတာတွေ့ရပါတယ်။ ပြည်ပပို့ကုန်အတွက် မန္တလေးနဲ့ ရန်ကုန် ဝယ်လက်ပုံမှန်ဆွဲလို့ ဒီတစ်ပတ် V2 ဈေးဟာ တစ်တင်း ၂၁၁၀၀ ကျပ်က ၂၁၃၀၀ ကျပ်အတွင်း ဈေးမာနေခဲ့ပြီး တစ်ရက်ပျမ်းမျှ အိတ် ၁၀၀၀ အရောင်းအဝယ် ဖြစ်နေကာ အဝယ်လိုက်တဲ့ နေ့တွေမှာ တစ်ရက်အိတ် ၆၀၀၀ ခန့်အထိ အရောင်းအဝယ် ဖြစ်တယ်လို့ ဆိုပါတယ်။