ပြည်ဒေသထွက် သြဇာသီးဈေးကွက်

Mon, 09/19/2011 - 09:04 -- Anonymous (not verified)

ပြည်သစ်သီးဈေးကွက်အတွင်း ဒေသထွက် သြဇာသီးများ သြဂုတ်လဆန်းပိုင်းမှာ စတင်ဝင်ရောက်ခဲ့ပြီး ယခုစက်တင်ဘာလလယ်မှာ တော့ အဝင်နည်းလာတာကို တွေ့ရပါတယ်။ မိုးတစ်ဖြိုက်နှစ်ဖြိုက်ရွာလိုက်၊ နေပူလိုက် အချိန်မှာ သြဇာသီးများရင့်မှည့်တာ ဖြစ်ပါ တယ်။ ယခုနှစ်မှာတော့ မိုးရွာသွန်းမှုများတာကြောင့် သြဇာသီးအထွက် နည်းပြီး အလုံးညှက်တယ်လို့သိရပါတယ်။
ပေါ်စချိန်က သြဇာသီးအလုံးအကြီးအသေးအလိုက် ၁၀၀ ကျပ်မှ ၂၅၀ ကျပ်ဈေးထိ ရှိပေမယ့် ယခုအချိန်မှာတော့ အလုံးသေး ၃ လုံး ၁၀၀ ကျပ်ရှိပြီး အချော ၁ လုံးလျှင် ၁၅၀ ကျပ် ရှိကြောင်း သိရပါတယ်။
အိဆွေဇင် - ပြည်