မုံရွာဆီထွက်သီးနှံဈေးဆက်လက်အေးနေ

Tue, 09/06/2011 - 08:01 -- Anonymous (not verified)

မုံရွာကုန်စည်ဒိုင် သြဂုတ်လဒုတိယပတ် ဆီထွက်သီးနှံဈေးကွက်မှာ နှမ်းဈေးဆက်လက်အေးနေပြီး၊ မြေပဲဈေးကတော့ မန်းအဆွဲပေါ် မူတည်ပြီး၊ ဈေးအတက်အကျ အနည်းငယ်သာဖြစ်ပေါ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခုအချိန် နယ်စုံ က နှမ်းသစ်တွေပေါ် လျက်ရှိပြီး၊ မုံရွာကုန်စည်ဒိုင်ကို တစ်နေ့တင်း ၂၀၀၀ ကျော် ဝင်ရောက်လျက်ရှိတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ထဲမှာ မန်းအဆွဲ မရှိလို့နှမ်းဈေးအေးခဲ့ကာ နှမ်းညိုတစ်တင်း ၁၆၈၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်၊ နှမ်းဝါတစ်တင်း ၁၆၀၀၀ ကျပ်နဲ့ နှမ်းဖြူ ၁၇၅၀၀ ကျပ်၊ ၁၆၈၀၀ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ ပါတယ်။ မြေပဲဈေးလည်း ယခုအပတ်အတွင်း အနည်းငယ်အေးခဲ့ရာ မြေပဲလုံးဆံတစ်တတင်း ၂၉၀၀၀ ကျပ်မှ ၂၇၅၀၀ ကျပ်၊ ၂၈၅၀၀ ကျပ်၊ မြေပဲဆံနီတစ်ပိဿာ ၁၉၇၅ ကျပ်မှ ၁၉၇၀ ကျပ်၊ မြေပဲဆံဖြူတစ်ပိဿာ ၁၇၀၀ ကျပ်မှ ၁၆၃၀ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ စားဆီဈေးကွက်လည်း ဆက်လက်အေးလျက်ရှိပြီး၊ မြေပဲဆီ တစ်ပိဿာ ၃၅၅၀ ကျပ်မှ ၃၄၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၁၅၀ ကျပ်မှ ၂၀၅၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာ ၁၉၃၀ ကျပ်မှ ၁၈၆၀ ကျပ် အသီးသီးဈေးပေါက်ခဲ့ တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်အားဖြင့် မုံရွာကုန်စည်ဒိုင်မှာ ယခုတစ်ပတ်အတွင်း တစ်ရက်နှမ်းတင်း ၁၅၀၀-၂၀၀၀ ခန့် နဲ့ မြေပဲတင်း ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက် ရှိတယ်လို့ ဈေးကွက်ကဆိုပါတယ်။

ထွန်းလှိုင်-မုံရွာ