လက်လီရော လက်ကားပါအရောင်းအဝယ်ဖြစ်တဲ့ ပြည်ထောပတ်ပဲ

Mon, 09/19/2011 - 09:07 -- Anonymous (not verified)

ပြည်ဈေးကွက်အတွင်း ထောပတ်ပဲသီးနှံမှာ လက်ကျန်နည်းလာခဲ့ပြီဖြစ်ပြီး၊ ဈေးနှုန်းအနေဖြင့် တစ်တင်း ၁၇၃၀၀ ကျပ်ဖြင့် ယခင် အပတ်ကအတိုင်း ဈေးငြိမ်နေခဲ့ပါတယ်။ မြို့တွင်းလက်လီသမားများ ဝယ်ယူမှုရှိတာကြောင့် တစ်ရက် ၁၀ အိတ်ခန့်အရောင်းအဝယ် ဖြစ်ပြီးရန်ကုန်၊ ပုသိမ်ဘက်မှ လက်ကားဝယ်ယူမှုရှိသည့်ရက်တွင် အိတ် ၅၀ ကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
ခင်ဆွေဝင်း- ပြည်