မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော တန်ဖိုးနည်းအိမ်ရာအရောင်းပြပွဲစတင် ကျပ် ၉၅သိန်းမှ ကျပ် ၁၂၅ သိန်းအထိ တန်ဖိုးနည်းအိမ်ရာများအား ရောင်းချ

Thu, 10/27/2016 - 06:56 -- admin_ygn

         House.com.mm ၊ မြို့ပြနှင့်  အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း ကျင်းပသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောတန်ဖိုးနည်း အိမ်ရာ အရောင်းပြပွဲ (The Affordable Housing Expo 2016) ပြပွဲကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park တွင် အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာအရောင်းပြပွဲတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန် ယူဆောက်လုပ်ခဲ့သည့် တန်ဖိုးနည်းအိမ်ရာများအား အနည်းဆုံး ကျပ် ၉၅ သိန်းမှ ကျပ် ၁၂၅ သိန်းအထိ တန်ကြေးရှိသည့် တိုက်ခန်းများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
        ယခုပြပွဲတွင် ရောင်းချခဲ့သည့် တန်ဖိုးနည်းအိမ်ရာများမှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရှိ ယုဇန တန်ဖိုးနည်းအိမ်ရာစီမံကိန်း အပိုင်း(၁)၊ အပိုင်း(၂)၊ ဒဂုံမြို့ သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ကနောင်တန်ဖိုး နည်း အိမ်ရာစီမံ ကိန်းနှင့် လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာစီမံကိန်း အပိုင်း(၁၊၂ ၊၃)တို့ရှိ အခန်းပေါင်း ၂၂၀၈ ခန်းကို ရောင်းချ ပေးခဲ့ကြောင်း သိရသည်။ အဆိုပါတန်ဖိုးနည်းအိမ်ရာစီမံကိန်းများရှိ အခန်းများ ကို ဝယ်ယူ ရန်အတွက် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေး ဘဏ်နှင့်ချိတ်ဆက်၍ ဝယ်ယူရမည်ဖြစ်သည်။ အိမ်ရာဝယ်ယူလိုသူတစ်ဦးသည် အိမ်ပိုင်မရှိသူဖြစ်ရမည်ဖြစ်ပြီး ဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် တန်ဖိုးနည်းအိမ် ရာ ဝယ်ယူရန်ဟူသည့် ခေါင်းစဉ်အောက်တွင်ရှိသည့် ငွေစုစာ အုပ်တစ်အုပ်ကို ပြုလုပ်ရမည်ဖြစ်သည်။
      ထို့ပြင် အဆိုပါတန်ဖိုးနည်းအိမ်ရာဝယ်ယူသူ၏မိသားစု တစ်လဝင်ငွေသည် အနည်းဆုံး ကျပ်သုံးသိန်း ရှိရမည်ဖြစ်ကြောင်း သိရသည်။ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူသည် ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်တန်ဖိုး၏ ၃၀ ရာခိုင် နှုန်းဖြစ်သည့် အနည်းဆုံးစုငွေကျပ် သိန်း ၃၀ ရှိရမည်ဖြစ်ပြီး အိမ်တန်ဖိုး၏ ကျန်ငွေ ၇၀ ရာခိုင်နှုန်းကို ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က စိုက်ထုတ် ပေးသွားမည်ဖြစ်ပြီး နှစ်ရှည်ချေးငွေ အဖြ စ်ဖြင့် တစ်လလျှင် အနည်းဆုံးကျပ်တစ်သိန်းမှစတင်ကာ မိမိဝယ်ယူသည့် တိုက်ခန်းတန်ဖိုးအလိုက် ပေးချေရမည်ဖြစ်ကြောင်းသိရသည်။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ရန်ကုန် မြို့၊ မန္တလေးမြို့၊ မုံရွာမြို့နှင့် ပုသိမ်မြို့ တို့တွင် တန်ဖိုးနည်းအိမ်ရာ များကိုဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ပြီး သင့်တင့်သည့် နှုန်းထားများဖြင့်  ပြည်သူလူထုသို့ ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

 

မယ်သီတာ

Local Trade News

Pages