မုံရွာကြက်သွန်နီ ဈေးနှုန်း ပြန်လည်ကျဆင်း

Thu, 02/16/2017 - 05:29 -- admin_ygn

       မုံရွာ(ပွဲရုံ)စားဖိုဆောင်သီးနှံရောင်းဝယ်ရေးရဲ့ကြက်သွန်နီဈေးနှုန်းမှာ ဖေဖော်ဝါရီလဆန်းက ပြန်လည်ကျဆင်းလာတာ တွေ့ရပါတယ်။ မိုးကြက်သွန်နီအသစ်များ ဈေးကွက်အတွင်းသို့ နေ့စဉ် ပိဿာ ၂၀၀၀၀ ခန့် ဝင်ရောက်လာခဲ့ သဖြင့် ဈေးအနည်းငယ်ကျဆင်းသွားကြောင်း ကြက်သွန်နီပွဲရုံမှ သိရှိရပါတယ်။ ယခုတစ်ပတ် မုံရွာပွဲရုံများ၏ ကြက်သွန်နီဈေးနှုန်းမှာလက်ကား တစ်ပိဿာလျှင်(ကြီး)ကျပ်၁၄၀၀၊ (လတ်)ကျပ် ၁၃၀၀၊ (သေး)ကျပ် ၁၂၀၀ နှုန်းရှိပြီး၊ လက် လီဈေးနှုန်းမှာတစ်ပိဿာ လျှင် (ကြီး) ကျပ် ၁၆၀၀၊ (လတ်) ကျပ်၁၅၀၀၊ (သေး) ကျပ် ၁၄၀၀နှုန်းဖြစ်ပါတယ်။ ယခင်တစ်ပတ်က ပွဲရုံဈေးနှုန်းမှာ  တစ်ပိဿာလျှင် (ကြီး) ကျပ် ၁၇၀၀၊ (လတ်) ကျပ်၁၆၀၀၊(သေး)ကျပ်၁၅၀၀၊ လက်လီဈေးနှုန်း မှာ တစ်ပိဿာ (ကြီး) ကျပ်၁၈၀၀၊ (လတ်) ကျပ် ၁၇၀၀၊ (သေး) ကျပ် ၁၆၀၀ အသီးသီး ရောင်းဝယ်လျက်ရှိတာကြောင့် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက  ပျမ်းမျှတစ်ပိဿာလျှင် ကျပ် ၃၀၀ ခန့် ဈေးကျ ဆင်းသွားကြောင်း သိရှိရပါတယ်။
      ကြက်သွန်ဖြူဈေးကွက်တွင် ရွှေဘို၊ယင်းမာပင်မြို့နယ်တို့မှ ကြက်သွန်ဖြူ အသစ်များဝင်ရောက်လာကြောင်းသိရပါတယ်။ ယခုတစ်ပတ် ကြက်သွန်ဖြူ(ဟောင်း) တစ်ပိဿာဈေးနှုန်းမှာ ပွဲရုံဈေး (ဗမာ) ကျပ် ၅၅၀၀၊ (ရှမ်း) ကျပ် ၄၈၀၀၊ လက်လီ တစ်ပိဿာ (ဗမာ) ကျပ် ၆၀၀၀၊ (ရှမ်း) ကျပ် ၅၀၀၀ ဖြစ်တာကြောင့် ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း ဈေးငြိမ်လျက်ရှိပြီး အသစ်လက်ကားဈေးနှုန်းမှာ (ဗမာ) ၄၅၀၀ကျပ်၊ (ရှမ်း) ၃၅၀၀ကျပ်၊ လက်လီဈေးနှုန်း (ဗမာ) ကျပ်၄၈၀၀ ၊ (ရှမ်း)ကျပ် ၄၀၀၀ နှုန်းပေါက်လျက် လက်လီအနေနဲ့ အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း မုံရွာကြက်သွန်နီပွဲရုံမှသိရပါတယ်။

 

ကြည်ကြည်နွယ် (မုံရွာ)

Local Trade News

Pages