ပြည်တွင်းရွှေဈေးများ တစ်ပတ်အတွင်း ကျပ်တစ်သောင်းကျော် ကျဆင်း

Wed, 02/01/2017 - 07:33 -- admin_ygn

        ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးများ သည် ယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာခဲ့ပြီး တစ်ပတ်အတွင်း ကျပ်တစ် သောင်းကျော် ကျဆင်းလာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အ တွင်းမှ စုံစမ်းသိရှိ ရသည်။ တရုတ်နှစ်သစ်ကူးပွဲတော်များကို ကမ္ဘာ့နေရာအနှံ့အပြားတွင် ကျင်းပ လျက်ရှိသဖြင့် ကမ္ဘာ့ရွှေဈေးများပါ ကျဆင်းလာသဖြင့် ပြည်တွင်းရွှေဈေးများလည်း ကျဆင်းလာကြောင်း၊ ထို့ပြင် ပြည်တွင်း၌ငွေ လဲနှုန်းများလည်း ကျဆင်းလာသဖြင့် ပြည်တွင်းရွှေဈေးများ ကျဆင်းလာရခြင်းဖြစ်သည်ဟု ရွှေကုန်သည်များက သုံးသပ် လျက်ရှိသည်။
      "ဒီတစ်ပတ်ထဲမှာ တရုတ်နှစ်သစ်ကူးပွဲတော်တွေ ကျင်းပနေတာကြောင့် ကမ္ဘာ့ရွှေဈေးရော၊ မြန်မာ့ရွှေဈေးပါကျဆင်းနေတယ်။ ကမ္ဘာ့ရွှေဈေးက ၂၅ဒေါ်လာ လောက်ကျဆင်းသွားသလို မြန်မာ့ရွှေဈေးကလည်း ကျပ် ၁၂၀၀၀ ေ လာက်ကျ ဆင်းသွားတယ်။ ဈေးကျသွားသလို ဈေးကွက်ထဲမှာလည်း အရောင်းအဝယ်က အေးနေတယ်"ဟု ရွှေကုန်သည် ဦးစံမြင့်ကဆိုသည်။ ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ဇန်နဝါရီ ၂၃ ရက်က ကျပ် ၈၇၆၀၀၀ ရှိခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်တွင် ၈၆၄၀၀၀ သို့ ကျဆင်းခဲ့ သည်။ ကမ္ဘာ့ရွှေဈေးကွက်တွင်တစ်အောင်စလျှင် ဇန်နဝါရီလ ၂၃ ရက်က အမေရိ ကန်ဒေါ်လာ ၁၂၁၇ ရှိခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်တွင် အမေရိကန်ဒေါ်လာ ၁၂၀၀ သို့လည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်တွင် အမေရိကန်ဒေါ်လာ ၁၁၉၂ သို့လည်း ကောင်း ကျဆင်းခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages