တရုတ်သို့ သကြားတင်ပို့ခွင့်ခွဲတမ်းကို ပါကစ္စတန်က အိန္ဒိယထက်စော၍ရရှိ

Fri, 05/03/2019 - 06:52 -- admin_ygn

       အိန္ဒိယကုန်သည်များ၏ အဆို အရ ယခုအခါ ပါကစ္စတန်နိုင်ငံသည် တရုတ်သို့ သကြားတန်ချိန် သုံးသိန်း တင်ပို့ခွင့်ခွဲတမ်းကို အိန္ဒိယထက်စော၍ ရရှိခဲ့ပြီဖြစ်ကြောင်း၊ အိန္ဒိယအနေဖြင့်မူ တရုတ်မှ ခွဲတမ်းရရှိရေး ကာလရှည် ကြာစွာ စောင့်ဆိုင်းနေရဆဲဖြစ်သည်ဟု National Federation of Cooperative Sugar Factories ၏   ဦးဆောင်ညွှန် ကြားရေးမှူးဖြစ်သူ Prakash Naik- navare ကပြောကြားထားကြောင်း သိရှိရပါသည်။ အိန္ဒိယအစိုးရသည် တရုတ်သို့ သကြားအပါအဝင် စိုက်ပျိုးရေးထွက် ကုန်များ တင်ပို့နိုင်ရေး အင်တိုက်အား တိုက်ကြိုးပမ်းနေရာ ၂၀၁၈ ခုနှစ် ဇွန် လကလည်း ဘေဂျင်းရှိ အိန္ဒိယသံရုံးက တရုတ်သို့ အိန္ဒိယသကြားများ တိုးမြှင့် တင်ပို့နိုင်ရေး    ဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပါသည်။
          အဆိုပါ ဆွေးနွေးပွဲသို့ တရုတ် နိုင်ငံ၏  သကြားလုပ်ငန်းကဏ္ဍတွင် အဓိကကျသည့် ကုမ္ပဏီ ၂၅ ခု  တက် ရောက်ခဲ့ပြီး တရုတ်နိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီ၊ သကြားလုပ်ငန်းအဖွဲ့အစည်းနှင့် COFCO Sugar တို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ် ဧပြီလက ဝန်ကြီးချုပ်မိုဒီ၏ တရုတ်ခရီးစဉ်တွင်လည်း တရုတ်သို့ အိန္ဒိယသကြားများ တင်ပို့နိုင်ရေး သမ္မတရှီကျင့်ဖျင်နှင့်  ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။
        မတ် ၇ ရက်ထိ စာရင်းများအရ အိန္ဒိယကုန်သည်များသည် ယခုနှစ် ရာသီအတွင်း ပြည်ပသို့သကြားတင်ပို့ရန် တန်ချိန် ၂ ဒသမ ၂ သန်းခန့်အထိ စာချုပ် ချုပ်ဆိုထားပြီးဖြစ်ကြောင်း၊ အကယ်၍ လက်ရှိရာသီအတွင်း တရု တ်ဈေးကွက်သို့ တင်ပို့နိုင်ခြင်း မရှိပါက အိန္ဒိယ၏  သကြားပို့ကုန် ပမာဏစုစုပေါင်းမှာ တန်ချိန်သုံးသန်းထိသာ ရှိနိုင်သည်ဟု တာဝန်ရှိသူများ က ပြောကြားထားကြောင်း၊ ပြည်နယ်အလိုက် သကြားတင်ပို့မှုအနေဖြင့် Maharashtra ပြည်နယ်မှ တန်ချိန်ရှစ် သိန်း၊ Uttar Pradesh ပြည်နယ်မှ တန် ချိန်သုံးသိန်းနှင့် Karnataka  ပြည်နယ်မှ တန်ချိန်သုံးသိန်းတို့ အသီးသီးဖြစ် ကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ နယူးဒေလီမြို့။

International Trade News

Pages