လာမည့် ကြံရာသီတွင် သကြားပေါက်ဈေးအပေါ်လိုက်၍ ကြံတစ်တန် ဈေးဖြတ်ဝယ်ယူမည်

Tue, 09/17/2019 - 09:05 -- admin_ygn

     လာမည့် ကြံရာသီချိန်တွင်  သကြားပေါက်ဈေးအပေါ် လိုက်၍ ကြံဈေးနှုန်းကို ကြံတစ်တန်ဈေးဖြတ်ဝယ်ယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။နေ့စဉ် ဈေးကွ က်အတွင်း သကြား တစ်ပိဿာလျှင် ကျပ် ၉၀၀ ဈေးရှိပါက ကြံတစ်တန်ကိုကျပ် ၃၈၀၀၀ ခန့်ပေး ဝယ်ခြင်း၊ တစ်ပိဿာလျှင်  ကျပ် ၉၅၀ ဈေးဖြစ်လာပါက ကြံ တစ်တန်လျှင်ကျပ် ၃၇၀၀၀၊ တစ်ပိဿာလျှင်ကျပ် ၁၀၀၀ ဈေး ဖြစ်လာပါက  တစ်တန်လျှင်  ကျပ် ၃၉၀၀၀၊ တစ်ပိဿာလျှင် ကျပ်  ၁၀၅၀  ဖြစ်လာပါက တစ်တန်လျှင် ကျပ် ၄၀၀၀၀၊ တစ် ပိဿာလျှင်  ကျပ် ၁၂၀၀ ဖြစ်လာပါက  တစ်တန်လျှင် ကျပ် ၄၃၀၀၀၊ တစ်ပိဿာလျှင်ကျပ် ၁၃၀၀ ဖြစ်လာပါက တစ်တန် လျှင်ကျပ် ၄၅၀၀၀ စသည်ဖြင့် စက်ရုံ၊   နေရာဒေသနှင့် ယှဉ် ပြိုင်မှုအပေါ် မူတည်၍   ဈေးနှုန်းအပြောင်းအလဲရှိလာမည် ဖြစ်ကြောင်း ယင်းအသင်းဒုတိယဥက္ကဋ္ဌ     ဦးဝင်းဌေးက စက်တင်ဘာ ၉ ရက်တွင် ပြောသည်။
    "ကြံဈေး ပေးဝယ်တာက နေရာဒေသအလိုက် ယှဉ်ပြိုင်မှုရှိတဲ့ နေရာတွေကတော့ အပြောင်းအလဲရှိမှာပေါ့။ ဒါကြောင့်လည်း လာမယ့် ကြံသီးနှံရာသီမှာ ဘယ်လိုဖြစ်သင့် တယ်ဆိုတာ စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်မှာ ကျင်းပမယ့် ကြံဖိုရမ်မှာ ဆွေးနွေးအဖြေရှာကြမှာပါ။ ကျွန်တော်တို့ဘက်ကနေ ပြည်ပက တရားမဝင် ဝင်ရောက်တာ၊ တင်သွင်းခွင့်ပေးထားတာ ဒါတွေကို သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြထားတာ အကြောင်းမပြန်သေးဘူး။ အခုနှစ် ကြံစိုက်ပျိုးမှုကတော့ ပုံမှန်အတိုင်းပဲ ရှိနေတယ်။ မနှစ်က ဧကလေးသိန်းလေး သောင်းကျော်ရှိခဲ့တယ်။ အခုနှစ်လည်း ဒီအတိုင်းပဲ" ဟု ဦးဝင်းဌေးက ပြောသည်။ သို့ဖြစ်၍ လာမည့် ကြံရာသီ  ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာမှ ၂၀၂၀ ခုနှစ်၊ ဧပြီလအထိ စက်ရုံအလိုက် ကြံကြိတ်ဝါးရန်  လျာ ထားချက်အရ ဂရိတ်ဝေါစက်ရုံက   ကြံတန်ချိန် ၁၄ သိန်း၊ နဝဒေးစက်ရုံက ကြံတန်ချိန်၁၁သိန်းခန့်၊ မောင်းကုန်း သကြား စက်ရုံက ကြံတန် ချိန် ၁၀ သိန်းသာ ကြိတ်ဝါးရန် လျာထား ကြောင်း သိရသည်။
     မောင်းကုန်းစက်ရုံတာဝန်ခံ  ဦးထွန်းနိုင်က "မနှစ်က သကြားတွေ ဂိုဒေါင်ထဲမှာ ဒီအတိုင်းပဲ မရောင်းရဘူး။ ဒီနှစ် တော့ သကြားဈေးအပေါ်လိုက်ပြီး  ကြံတစ်တန် ဝယ်ယူမယ့် ဈေးကို သတ်မှတ်ဖို့ပါ။ စက်ရုံရော  တောင်သူ ရော အဆင်ပြေ ဖို့ အစိုးရအနေနဲ့  ပြည်တွင်းသကြားဈေးကွက်ကို ကာကွယ်ပေးဖို့  လိုအပ်ပါတယ်။ ထိုင်းနယ်စပ်ကနေ  တရားဝင်တာရော၊ မဝင်တာတွေရောကို  တားဆီးပေးဖို့ လိုအပ်ပါတယ်"ဟု ပြော သည်။ ပြည်တွင်း   ကြံရာသီ အလိုက် စိုက်ပျိုးမှုနှင့် သကြား ထွက်ရှိမှုစာရင်းအရ ၂၀၁၄-၂၀၁၅ ခုနှစ်က  စိုက်ဧက ၄၄၀၀၀၀ ကျော်တွင်၊ သကြား တန်ချိန် ၄၅၀၀၀၀ခန့်၊ ၂၀၁၅- ၂၀၁၆ ခုနှစ်တွင် စိုက်ဧက ၃၉၀၀၀၀ ကျော်၊ သကြား တန်ချိန် ၃၉၀၀၀၀ ေ ကျာ်၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စိုက်ဧက ၄၀၀၀၀၀ ကျော်၊ သကြား တန်ချိန် ၃၇၀၀၀၀ ကျော်၊   ၂၀၁၇-၂၀၁၈ ခုနှစ်တွင် စိုက်ဧက ၄၄၀၀၀၀ ကျော်၊   သကြား တန်ချိန် ၅၀၀၀၀၀ ကျော်၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် စိုက်ဧက ၅၀၀၀၀၀ နီးပါးရှိခဲ့ကြောင်း သိရသည်။

 

ပန်းဆု

Border Trade News

Pages