လွယ်ဂျယ်နယ်စပ် ကုန်စည်စီးဆင်းမှုအခြေအနေ နှင့် ငွေကြေးစျေးကွက်ပြောင်းလဲမှုအခြေအနေ

Wed, 05/24/2023 - 12:55 -- DotBorderdep

          လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် မေ ၁၇ မှ ၂၁ရက်နေ့အတွင်းပို့ကုန်ပိုင်းတွင်  ဆန်ကွဲ၊ တစ်သျှူးငှက်ပျော၊ ဆန်၊ ထောပတ်ပဲနှင့် ပဲတောင့်ရှည်(အခြောက်)တို့ အများဆုံး တင်ပို့နိုင်ခဲ့ ပါသည်။ ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန်ကွဲတစ်တန်လျှင် (၂.၉)ယွမ်၊ တစ်သျှူးငှက်ပျော တစ်တန်လျှင် (၂.၃၆) ယွမ်၊ ဆန်တစ်တန်လျှင် (၃.၂၅) ယွမ်ရှိပြီး သယ်ယူပို့ဆောင်ခမှာ ဗန်းမော် မှ လွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ် ရှိကြောင်းသိရှိရသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ထွန်စက်၊ ပိတ်လိပ်၊ဆောက်လုပ်ရေးလုပ်ငန်း သုံးသံချောင်း၊သံပြား၊ကုန်စုံ၊မီးဖိုချောင်းသုံးပစ္စည်း၊ဓါတ်မြေဩဇာ၊ဆေးနှင့်ဆေးပစ္စည်း၊ ဂျပ်စက္ကူ၊ စက်နှင့်စက်ပစ္စည်း၊ မြက်ခင်းတုတို့ အများဆုံးတင်သွင်းနိုင်ခဲ့သည်။ သွင်းကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် ပိတ်လိပ်တစ်တန်လျှင် (၀.၇၂)ဒေါ်လာ၊ ထွန်စက် တစ်စီးလျှင် (၈၀၀၀) ဒေါ်လာ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်း၊ သံပြားတစ်တန်လျှင် (၀.၆၆) ဒေါ်လာရှိပြီး လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ ကုန်ပွ (၅၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။                                                                                                                      

          လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေနဲ့ ၁-၅-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၀၈) ကျပ်ဖြစ်ခဲ့ပြီး ၂၁-၅-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၁၂)ကျပ်ထိမြန်မာကျပ် ငွေဈေး အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရသည်

Border Trade News

Pages