မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Thu, 06/06/2024 - 09:21 -- bordertrade

           မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇွန် (၂) ရက်နေ့မှ (၃) ရက်နေ့အတွင်း ပို့ကုန် ငါးကြိတ်သား (၁) တန်လျှင် (၁၈၄၆) ဒေါ်လာနှုန်းဖြင့် (၇.၂) တန် ၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်းအား ကားလမ်း ကြောင်းဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါသည်။  မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေး စခန်းအထိ ကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်း ကြောင်း အနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇွန် (၂)ရက်နေ့မှ (၃)ရက်နေ့အတွင်း သွင်းကုန် ဒီဇယ်ဆီ (၁) တန်လျှင် (၈၃၁) ဒေါ်လာနှုန်းဖြင့် (၈၀၀) တန် ၊ တန်ဖိုး (၀.၆၆၅) ဒေါ်လာသန်း၊ ဓာတ်ဆီ  (၁) တန်လျှင် (၉၅၂) ဒေါ်လာနှုန်းဖြင့် (၁၀၀) တန် ၊ တန်ဖိုး (၀.၀၉၅) ဒေါ်လာသန်း စုစုပေါင်းသွင်းကုန်တန်ဖိုး (၀.၇၆၀)ဒေါ်လာသန်း အားတင်သွင်းနိုင်ခဲ့ပါသည်။

Border Trade News

Pages