မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Thu, 06/06/2024 - 09:24 -- bordertrade

               မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့မှ (၄) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၀၈၉) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (-) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၀၈၉) သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းမှ ဇွန်လ (၃) ရက်နေ့ မှ (၄) ရက်နေ့ အထိ လယ်ယာထွက် ကုန်ပစ္စည်းအနေဖြင့်  ငရုတ်သီး (၅၃.၃၆) တန်၊ တန်ဖိုး (၀.၀၄၁၂) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၄၀.၂၈၀) တန်၊ တန်ဖိုး (၀.၀၆၇၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်        ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းများမှာ ငါးမျိုးစုံ (၉၉၅.၄၃၆) ဒေါ်လာနှုန်း၊ ပုစွန် (၁၃၅၄၀.၅၅၀) ဒေါ်လာနှုန်း၊ ကဏန်း (၃၀၄၀.၄၂၃) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၉၀.၁၆၈) ဒေါ်လာနှုန်း၊  ငရုတ်သီး (၇၇၂) ဒေါ်လာနှုန်း ဖြစ်ပါသည်။     

              မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Border Trade News

Pages