ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Mon, 07/22/2024 - 07:21 -- bordertrade

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇူလိုင်လကုန်သွယ်မှုလျာထား ချက်မှာ ပို့ကုန်(၄.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၅.၀၀၀)ဒေါ်လာသန်းဖြစ်ပြီး ဇူလိုင်လ(၁၄) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၀.၃၉၉) ဒေါ်လာသန်း၊ သွင်းကုန်(၁.၈၀၄) ဒေါ်လာသန်း၊ စုစုပေါင်း(၂.၂၀၃) ဒေါ်လာသန်း ဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၄၄.၀၆၀%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

        ဇူလိုင်လ (၁၄) ရက်နေ့ထိပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ငရုတ်ခြောက်၊ ကြက်သွန်နီ၊ ခဲစက္ကူ၊ ချဉ်ပေါင်ဖာလာနှင့်ပဲမျိုးစုံတို့ိိတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်အမယ်များ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များ၊ လူသုံးကုန်အဝတ် အထည်များ၊သစ်သီးများနှင့် စက်သုံးဆီများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ခုနှစ်၊ ဇူလိုင်(၁၄)ရက်မှ(၁၅)ရက်နေ့အထိ အဓိက ပို့ကုန်တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့်ဈေးနှုန်းတစ်တန်လျှင်(၂၅၃၀)ယွမ်/(၃၄၇)ဒေါ်လာ တို့ဖြင့် တန်ချိန် (1၀၀) တန်၊ တန်ဖိုး (၀.၀၃၅) ဒေါ်လာသန်းနှင့် ပဲမျိုးစုံ တန်ချိန် (၄၄၇) တန်၊ တန်ဖိုး (၀.၂၉၁) ဒေါ်လာသန်းတို့တင်ပို့နိုင်ခဲ့ပါသည်။

          အဆိုပါကာလအတွင်း သံကြိုးခွေ၊  Hollow Pipe ၊  Iron Pipe  ၊ ကြွေပြား၊  ခဲစက္ကူ ၊ လိမ္မော်သီး၊ လူသုံးအဝတ်အထည်များနှင့် စက်သုံးဆီ ပစ္စည်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း တန်ချိန် (၁၃.၅၀) တန်၊ ၇၀၀ U၊ တန်ဖိုး (၀.၀၁၀)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၉) တန်၊ ၆၈၅၅ BBL၊ တန်ဖိုး(၀.၇၉၄)  ဒေါ်လာသန်းနှင့်လူသုံးကုန်ပစ္စည်း တန်ချိန် (၃၆) တန်၊ တန်ဖိုး (၀.၀၄၁)ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနားကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊လမ်းပိတ် ဆို့ခြင်း များမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပြီး OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက် ဌာနများဖြင့် ကုန်ပစ္စည်းစစ်ဆေးမှုများကို ဆောင်ရွက်ကာ ကုန်သွယ်မှုလွယ်ကူမြန်ဆန်စေရေး နှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

Border Trade News

Pages