ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၉-၉-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၅၈၀၆၉၁.၈၉၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၆၈.၂၈၃)သန်း၊ နယ်စပ်မှ (၁၄၂၃၅၂.၀၄၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၆.၃၅၄)သန်း၊ စုစုပေါင်း (၇၂၃၀၄၃.၉၃၉) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၆၄.၆၃၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၉-၉-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်
(၉-၉-၂၀၂၂) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၁၆၁.၇၇၆ ၆.၄၂၀ ၁၆၈.၁၉၆
ကီလို ၁၉၀၂၄၇.၃၅၈ ၆၈၀၈.၀၁၀ ၁၉၇၀၅၅.၃၆၈
  ပဲတီစိမ်း US$ ၁၇၆.၄၂၀ ၆၅.၅၈၄ ၂၄၂.၀၀၄
ကီလို ၂၂၀၉၂၁.၃၂၉ ၉၃၁၆၇.၀၂၃ ၃၁၄၀၈၈.၃၅၂
  ပဲတီစိမ်းလုံးခြမ်း US$      
ကီလို      
  ပဲစဉ်းငုံ US$ ၃၇.၉၂၅ ၀.၁၇၈ ၃၈.၁၀၃
ကီလို ၄၇၉၁၂.၈၀၂ ၂၆၃.၅၀၀ ၄၈၁၇၆.၃၀၂
  ကုလားပဲ US$ ၁၁.၉၄၅ ၀.၀၂၇ ၁၁.၉၇၂
ကီလို ၁၇၁၈၀.၃၉၃ ၄၃.၀၀၀ ၁၇၂၂၃.၃၉၃
  ပဲလွန်းဖြူ US$ ၁၄.၃၀၄ ၁.၃၄၇ ၁၅.၆၅၁
ကီလို ၁၉၃၈၇.၈၄၃ ၃၂၅၇.၇၅၃ ၂၂၆၄၅.၅၉၆
  မြေထောက်ပဲ US$ ၂၂.၄၂၅ ၈.၀၁၉ ၃၀.၄၄၄
ကီလို ၂၈၉၅၀.၄၉၄ ၁၂၇၁၂.၄၆၁ ၄၁၆၆၂.၉၅၅
  ထောပတ်ပဲ US$ ၁၅.၅၉၇ ၃.၀၀၂ ၁၈.၅၉၉
ကီလို ၁၈၀၃၅.၈၂၂ ၅၅၅၉.၃၅၀ ၂၃၅၉၅.၁၇၂
   ပဲယင်း US$ ၁၃.၈၃၅ ၃.၃၆၁ ၁၇.၁၉၆
ကီလို ၁၈၇၂၂.၆၈၇ ၇၂၈၀.၈၅၀ ၂၆၀၀၃.၅၃၇
  ၁၀ ပဲကြီး US$ ၃.၀၇၃ ၁.၂၅၈ ၄.၃၃၁
ကီလို ၄၃၂၀.၆၇၀ ၂၃၀၀.၄၂၀ ၆၆၂၁.၀၉၀
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၂.၀၅၄   ၂.၀၅၄
ကီလို ၃၁၁၀.၇၈၅   ၃၁၁၀.၇၈၅
  ၁၂ စွန်တာပြာ US$ ၀.၃၆၆ ၀.၀၀၀ ၀.၃၆၆
ကီလို ၅၄၄.၇၀၀ ၀.၀၀၀ ၅၄၄.၇၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၉၉၅ ၀.၉၉၅
ကီလို   ၁၇၅၆.၅၃၀ ၁၇၅၆.၅၃၀
  ၁၄ ပဲဖြူလေး US$ ၀.၁၈၂ ၀.၀၀၀ ၀.၁၈၂
ကီလို ၂၅၆.၆၈၅ ၀.၀၀၀ ၂၅၆.၆၈၅
  ၁၅ ဘိုကိတ်ပဲ US$ ၆.၄၆၄ ၀.၀၀၀ ၆.၄၆၄
ကီလို ၈၅၆၃.၄၁၀ ၀.၀၀၀ ၈၅၆၃.၄၁၀
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၆၃ ၀.၀၀၀ ၀.၀၆၃
ကီလို ၆၆.၀၀၀ ၀.၀၀၀ ၆၆.၀၀၀
  ၁၇ ပဲနီကြား US$   ၁.၇၇၄ ၁.၇၇၄
ကီလို   ၄၅၁၂.၂၅၀ ၄၅၁၂.၂၅၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၄၇၀ ၀.၄၇၀
ကီလို   ၆၁၅.၆၀၀ ၆၁၅.၆၀၀
  ၁၉ မြေပဲ(အခွံပါ) US$      
ကီလို      
  ၂၀ မြေပဲဆံ US$ ၁.၃၁၄ ၃.၉၁၉ ၅.၂၃၃
ကီလို ၁၅၂၇.၆၀၀ ၄၀၇၅.၃၀၀ ၅၆၀၂.၉၀၀
  ၂၁ အခြားပဲ US$ ၀.၅၄၀ ၀.၀၀၀ ၀.၅၄၀
ကီလို ၉၄၃.၃၁၄ ၀.၀၀၀ ၉၄၃.၃၁၄
    ပဲတင်ပို့မှုစုစုပေါင်း US$ ၄၆၈.၂၈၃ ၉၆.၃၅၄ ၅၆၄.၆၃၇
ကီလို ၅၈၀၆၉၁.၈၉၂ ၁၄၂၃၅၂.၀၄၇ ၇၂၃၀၄၃.၉၃၉

Pages