ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၁၈-၆-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၇၈၇၈၅၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၂၃.၈၀၇)သန်း၊ နယ်စပ်မှ (၇၁၀၆၇၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၅၄.၀၁၀)သန်း၊ စုစုပေါင်း (၁၄၉၈၅၃၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၇၇.၈၁၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁၈-၆-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ တွက်
ပုံ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်
(၁၈-၆-၂၀၂၁) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၃၂၉.၀၃၁ ၆.၆၄၆ ၃၃၅.၆၇၇
ကီလို ၄၂၃၃၇၉.၅၀၀ ၇၈၈၄.၉၂၀ ၄၃၁၂၆၄.၄၂၀
  ပဲတီစိမ်း US$ ၁၆၅.၉၈၈ ၂၅၇.၈၀၄ ၄၂၃.၇၉၂
ကီလို ၁၇၃၇၆၈.၈၄၃ ၃၆၂၇၅၉.၈၅၃ ၅၃၆၅၂၈.၆၉၆
  ပဲတီစိမ်းလုံးခြမ်း US$   ၃.၃၇၉ ၃.၃၇၉
ကီလို   ၂၄၉၄.၅၀၀ ၂၄၉၄.၅၀၀
  ပဲစဉ်းငုံ US$ ၈၁.၀၁၅ ၀.၆၅၄ ၈၁.၆၆၉
ကီလို ၁၂၀၅၁၁.၄၄၁ ၁၁၁၂.၇၅၀ ၁၂၁၆၂၄.၁၉၁
  ကုလားပဲ US$ ၁၁.၁၂၆ ၁.၉၀၅ ၁၃.၀၃၁
ကီလို ၁၉၁၅၂.၅၀၆ ၃၁၄၉.၅၅၀ ၂၂၃၀၂.၀၅၆
  ပဲလွန်းဖြူ US$ ၇.၁၁၂ ၁၆.၈၉၆ ၂၄.၀၀၈
ကီလို ၇၅၅၁.၅၆၂ ၃၆၈၄၈.၈၇၂ ၄၄၄၀၀.၄၃၄
  မြေထောက်ပဲ US$ ၈.၆၃၉ ၂၅.၃၅၂ ၃၃.၉၉၁
ကီလို ၁၀၈၆၄.၇၉၇ ၃၇၄၆၇.၆၇၀ ၄၈၃၃၂.၄၆၇
  ထောပတ်ပဲ US$ ၇.၂၁၂ ၁၃.၇၅၄ ၂၀.၉၆၆
ကီလို ၁၃၂၉၄.၇၂၃ ၂၂၉၉၆.၀၇၀ ၃၆၂၉၀.၇၉၃
   ပဲယင်း US$ ၇.၁၈၅ ၁၉.၁၀၈ ၂၆.၂၉၃
ကီလို ၁၀၉၆၂.၁၈၂ ၃၈၄၇၃.၆၉၀ ၄၉၄၃၅.၈၇၂
  ၁၀ ပဲကြီး US$ ၀.၁၃၆ ၁၀.၈၈၄ ၁၁.၀၂၀
ကီလို ၁၉၁.၁၀၅ ၁၈၁၄၆.၆၀၀ ၁၈၃၃၇.၇၀၅
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၀.၆၉၇   ၀.၆၉၇
ကီလို ၁၂၁၇.၁၅၃   ၁၂၁၇.၁၅၃
  ၁၂ စွန်တာပြာ US$ ၀.၃၆၉   ၀.၃၆၉
ကီလို ၆၄၉.၄၁၀   ၆၄၉.၄၁၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၉.၀၂၂ ၉.၀၂၂
ကီလို   ၁၃၈၈၀.၅၃၅ ၁၃၈၈၀.၅၃၅
  ၁၄ ပဲဖြူလေး US$ ၀.၀၂၇   ၀.၀၂၇
ကီလို ၄၈.၉၂၅   ၄၈.၉၂၅
  ၁၅ ဘိုကိတ်ပဲ US$ ၃.၄၉၉ ၀.၁၇၈ ၃.၆၇၇
ကီလို ၄၀၂၉.၇၈၄ ၂၈၈.၀၅၀ ၄၃၁၇.၈၃၄
  ၁၆ ပဲပုတ်စေ့ US$ ၀.၈၁၁ ၁.၀၅၃ ၁.၈၆၄
ကီလို ၁၂၄၂.၅၄၀ ၂၀၉၉.၃၂၃ ၃၃၄၁.၈၆၃
  ၁၇ ပဲနီကြား US$   ၃.၉၄၈ ၃.၉၄၈
ကီလို   ၈၅၂၉.၈၅၀ ၈၅၂၉.၈၅၀
  ၁၈ နိုင်လွန်ပဲ US$   ၂.၂၉၇ ၂.၂၉၇
ကီလို   ၃၁၈၈.၄၇၅ ၃၁၈၈.၄၇၅
  ၁၉ မြေပဲ(အခွံပါ) US$   ၇.၅၅၁ ၇.၅၅၁
ကီလို   ၉၉၁၅.၈၆၅ ၉၉၁၅.၈၆၅
  ၂၀ မြေပဲဆံ US$ ၀.၇၁၄ ၁၇၃.၃၅၇ ၁၇၄.၀၇၁
ကီလို ၇၁၃.၈၀၄ ၁၄၁၀၀၃.၂၇၁ ၁၄၁၇၁၇.၀၇၅
  ၂၁ အခြားပဲ US$ ၀.၂၄၆ ၀.၂၂၂ ၀.၄၆၈
ကီလို ၂၇၉.၀၃၉ ၄၃၃.၇၅၀ ၇၁၂.၇၈၉
    ပဲတင်ပို့မှုစုစုပေါင်း US$ ၆၂၃.၈၀၇ ၅၅၄.၀၁၀ ၁၁၇၇.၈၁၇
ကီလို ၇၈၇၈၅၇.၃၁၄ ၇၁၀၆၇၃.၅၉၄ ၁၄၉၈၅၃၀.၉၀၈
Source: Customs        

Pages