ပဲမျိုးစုံတင်ပို့မှု

 

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၃၀-၉-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၃၀-၉-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -   

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေ
တွက်
ပုံ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်
(၃၀-၉-၂၀၂၁) ထိ (ယာယီ)
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၅၁၆.၆၆၈ ၁၀.၀၄၆ ၅၂၆.၇၁၄
ကီလို ၆၆၆၁၇၈.၁၉၁ ၁၁၃၄၈.၂၃၀ ၆၇၇၅၂၆.၄၂၁
  ပဲတီစိမ်း US$ ၂၃၄.၆၁၅ ၂၉၀.၇၆၆ ၅၂၅.၃၈၁
ကီလို ၂၅၈၀၀၉.၇၀၉ ၄၁၅၁၁၃.၁၇၄ ၆၇၃၁၂၂.၈၈၃
  ပဲတီစိမ်းလုံးခြမ်း US$   ၃.၅၂၇ ၃.၅၂၇
ကီလို   ၂၆၅၀.၅၀၀ ၂၆၅၀.၅၀၀
  ပဲစဉ်းငုံ US$ ၁၄၃.၄၄၆ ၀.၆၅၄ ၁၄၄.၁၀၀
ကီလို ၂၁၂၉၇၈.၈၇၆ ၁၁၁၂.၇၅၀ ၂၁၄၀၉၁.၆၂၆
  ကုလားပဲ US$ ၁၄.၀၆၅ ၁.၉၂၀ ၁၅.၉၈၅
ကီလို ၂၄၀၄၃.၂၄၁ ၃၁၆၉.၅၅၀ ၂၇၂၁၂.၇၉၁
  ပဲလွန်းဖြူ US$ ၁၀.၈၅၇ ၁၇.၄၈၀ ၂၈.၃၃၇
ကီလို ၁၁၆၇၅.၈၄၉ ၃၈၂၈၆.၇၀၄ ၄၉၉၆၂.၅၅၃
  မြေထောက်ပဲ US$ ၁၂.၅၃၇ ၂၅.၄၉၅ ၃၈.၀၃၂
ကီလို ၁၆၁၆၈.၁၈၃ ၃၇၆၉၅.၁၇၀ ၅၃၈၆၃.၃၅၃
  ထောပတ်ပဲ US$ ၁၀.၃၀၀ ၁၅.၃၇၈ ၂၅.၆၇၈
ကီလို ၁၉၂၇၉.၈၈၈ ၂၅၉၄၅.၆၇၀ ၄၅၂၂၅.၅၅၈
   ပဲယင်း US$ ၁၂.၃၈၁ ၂၁.၀၃၇ ၃၃.၄၁၈
ကီလို ၁၉၁၄၂.၂၅၁ ၄၂၇၅၀.၈၄၀ ၆၁၈၉၃.၀၉၁
  ၁၀ ပဲကြီး US$ ၀.၃၃၈ ၁၁.၂၇၅ ၁၁.၆၁၃
ကီလို ၅၆၅.၅၅၈ ၁၈၈၅၆.၆၅၀ ၁၉၄၂၂.၂၀၈
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၁.၁၄၇   ၁.၁၄၇
ကီလို ၂၀၀၀.၇၁၅   ၂၀၀၀.၇၁၅
  ၁၂ စွန်တာပြာ US$ ၀.၅၅၃ ၀.၀၀၀ ၀.၅၅၃
ကီလို ၉၄၇.၁၃၀ ၀.၀၀၀ ၉၄၇.၁၃၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၁၀.၁၄၆ ၁၀.၁၄၆
ကီလို   ၁၅၆၀၈.၂၈၅ ၁၅၆၀၈.၂၈၅
  ၁၄ ပဲဖြူလေး US$ ၀.၀၂၇ ၀.၀၀၀ ၀.၀၂၇
ကီလို ၄၈.၉၂၅ ၀.၀၀၀ ၄၈.၉၂၅
  ၁၅ ဘိုကိတ်ပဲ US$ ၄.၀၉၅ ၀.၁၇၈ ၄.၂၇၃
ကီလို ၄၈၈၁.၄၉၂ ၂၈၈.၀၅၀ ၅၁၆၉.၅၄၂
  ၁၆ ပဲပုတ်စေ့ US$ ၂.၅၉၅ ၁.၀၅၃ ၃.၆၄၈
ကီလို ၄၀၇၆.၈၃၅ ၂၀၉၉.၃၂၃ ၆၁၇၆.၁၅၈
  ၁၇ ပဲနီကြား US$   ၄.၅၂၂ ၄.၅၂၂
ကီလို   ၉၉၆၆.၅၀၀ ၉၉၆၆.၅၀၀
  ၁၈ နိုင်လွန်ပဲ US$   ၂.၄၂၂ ၂.၄၂၂
ကီလို   ၃၃၄၅.၈၂၅ ၃၃၄၅.၈၂၅
  ၁၉ မြေပဲ(အခွံပါ) US$   ၇.၆၈၁ ၇.၆၈၁
ကီလို   ၁၀၁၀၇.၅၃၅ ၁၀၁၀၇.၅၃၅
  ၂၀ မြေပဲဆံ US$ ၂.၅၈၅ ၁၈၀.၄၉၈ ၁၈၃.၀၈၃
ကီလို ၂၅၂၈.၁၃၄ ၁၄၈၁၄၁.၁၇၉ ၁၅၀၆၆၉.၃၁၃
  ၂၁ အခြားပဲ US$ ၀.၁၉၈ ၀.၂၂၂ ၀.၄၂၀
ကီလို ၂၅၀.၂၅၄ ၄၃၄.၇၁၆ ၆၈၄.၉၇၀
    ပဲတင်ပို့မှုစုစုပေါင်း US$ ၉၆၆.၄၀၇ ၆၀၄.၃၀၀ ၁၅၇၀.၇၀၇
ကီလို ၁၂၄၂၇၇၅.၂၃၁ ၇၈၆၉၂၀.၆၅၁ ၂၀၂၉၆၉၅.၈၈၂

Pages