ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၁၂-၈-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၄၆၁၄၄၈.၂၀၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၆၉.၀၈၉)သန်း၊ နယ်စပ်မှ (၁၃၉၇၇၇.၉၆၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၄.၁၆၆)သန်း၊ စုစုပေါင်း (၆၀၁၂၂၆.၁၆၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၆၃.၂၅၅)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၂-၈-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် - 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်
(၁၂-၈-၂၀၂၂) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၁၁၁.၈၀၇ ၅.၉၀၃ ၁၁၇.၇၁၀
ကီလို ၁၃၃၃၄၃.၈၀၄ ၆၃၃၉.၅၁၀ ၁၃၉၆၈၃.၃၁၄
  ပဲတီစိမ်း US$ ၁၅၉.၈၄၀ ၆၄.၁၃၂ ၂၂၃.၉၇၂
ကီလို ၁၉၈၇၈၈.၂၁၂ ၉၁၃၉၃.၄၄၃ ၂၉၀၁၈၁.၆၅၅
  ပဲတီစိမ်းလုံးခြမ်း US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ပဲစဉ်းငုံ US$ ၁၅.၂၅၁ ၀.၁၇၉ ၁၅.၄၃၀
ကီလို ၂၀၃၈၆.၆၀၂ ၂၆၃.၅၀၀ ၂၀၆၅၀.၁၀၂
  ကုလားပဲ US$ ၁၁.၈၉၄ ၀.၀၂၇ ၁၁.၉၂၁
ကီလို ၁၇၁၂၂.၅၃၈ ၄၃.၀၀၀ ၁၇၁၆၅.၅၃၈
  ပဲလွန်းဖြူ US$ ၁၁.၅၆၄ ၁.၁၉၈ ၁၂.၇၆၂
ကီလို ၁၅၅၂၉.၁၀၀ ၃၀၂၅.၇၅၃ ၁၈၅၅၄.၈၅၃
  မြေထောက်ပဲ US$ ၁၉.၆၀၈ ၈.၀၁၉ ၂၇.၆၂၇
ကီလို ၂၆၁၉၉.၉၉၆ ၁၂၇၁၂.၄၆၁ ၃၈၉၁၂.၄၅၇
  ထောပတ်ပဲ US$ ၁၄.၈၉၅ ၃.၀၀၂ ၁၇.၈၉၇
ကီလို ၁၇၁၈၈.၈၀၂ ၅၅၅၉.၃၅၀ ၂၂၇၄၈.၁၅၂
   ပဲယင်း US$ ၁၂.၁၈၇ ၃.၂၉၀ ၁၅.၄၇၇
ကီလို ၁၆၅၂၇.၄၈၃ ၇၁၈၀.၈၅၀ ၂၃၇၀၈.၃၃၃
  ၁၀ ပဲကြီး US$ ၂.၉၅၆ ၁.၂၅၈ ၄.၂၁၄
ကီလို ၄၁၇၁.၅၂၀ ၂၃၀၀.၄၂၀ ၆၄၇၁.၉၄၀
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၁.၅၄၈   ၁.၅၄၈
ကီလို ၂၁၈၈.၉၃၅   ၂၁၈၈.၉၃၅
  ၁၂ စွန်တာပြာ US$ ၀.၃၁၆ ၀.၀၀၀ ၀.၃၁၆
ကီလို ၄၆၀.၇၀၀ ၀.၀၀၀ ၄၆၀.၇၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၉၉၅ ၀.၉၉၅
ကီလို   ၁၇၅၆.၅၃၀ ၁၇၅၆.၅၃၀
  ၁၄ ပဲဖြူလေး US$ ၀.၁၈၂ ၀.၀၀၀ ၀.၁၈၂
ကီလို ၂၅၆.၆၈၅ ၀.၀၀၀ ၂၅၆.၆၈၅
  ၁၅ ဘိုကိတ်ပဲ US$ ၅.၁၂၆ ၀.၀၀၀ ၅.၁၂၆
ကီလို ၆၇၄၆.၉၁၀ ၀.၀၀၀ ၆၇၄၆.၉၁၀
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၆၃ ၀.၀၀၀ ၀.၀၆၃
ကီလို ၆၆.၀၀၀ ၀.၀၀၀ ၆၆.၀၀၀
  ၁၇ ပဲနီကြား US$   ၁.၅၆၅ ၁.၅၆၅
ကီလို   ၄၀၈၉.၂၅၀ ၄၀၈၉.၂၅၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၆၇၉ ၀.၆၇၉
ကီလို   ၁၀၃၈.၆၀၀ ၁၀၃၈.၆၀၀
  ၁၉ မြေပဲ(အခွံပါ) US$   ၀.၀၂၇ ၀.၀၂၇
ကီလို   ၃၅.၈၅၀ ၃၅.၈၅၀
  ၂၀ မြေပဲဆံ US$ ၁.၃၁၄ ၃.၈၉၂ ၅.၂၀၆
ကီလို ၁၅၂၇.၆၀၀ ၄၀၃၉.၄၅၀ ၅၅၆၇.၀၅၀
  ၂၁ အခြားပဲ US$ ၀.၅၃၈ ၀.၀၀၀ ၀.၅၃၈
ကီလို ၉၄၃.၃၁၄ ၀.၀၀၀ ၉၄၃.၃၁၄
    ပဲတင်ပို့မှုစုစုပေါင်း US$ ၃၆၉.၀၈၉ ၉၄.၁၆၆ ၄၆၃.၂၅၅
ကီလို ၄၆၁၄၄၈.၂၀၁ ၁၃၉၇၇၇.၉၆၇ ၆၀၁၂၂၆.၁၆၈

Pages