ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၁၆-၉-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၁၁၅၂၉.၅၀၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၉၃.၅၆၀)သန်း၊ နယ်စပ်မှ (၁၄၂၅၈၇.၂၉၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၆.၅၈၉)သန်း၊ စုစုပေါင်း (၇၅၄၁၁၆.၈၀၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၉၀.၁၄၉)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၆-၉-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်
(၁၆-၉-၂၀၂၂) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၁၇၉.၄၆၀ ၆.၆၀၃ ၁၈၆.၀၆၃
ကီလို ၂၁၁၁၈၉.၁၆၇ ၆၉၆၈.၀၁၀ ၂၁၈၁၅၇.၁၇၇
  ပဲတီစိမ်း US$ ၁၇၉.၅၉၄ ၆၅.၆၀၄ ၂၄၅.၁၉၈
ကီလို ၂၂၅၂၄၇.၂၂၁ ၉၃၂၀၁.၀၂၃ ၃၁၈၄၄၈.၂၄၄
  ပဲတီစိမ်းလုံးခြမ်း US$      
ကီလို      
  ပဲစဉ်းငုံ US$ ၄၁.၃၉၆ ၀.၁၇၈ ၄၁.၅၇၄
ကီလို ၅၂၁၆၅.၂၄၂ ၂၆၃.၅၀၀ ၅၂၄၂၈.၇၄၂
  ကုလားပဲ US$ ၁၂.၀၀၇ ၀.၀၂၇ ၁၂.၀၃၄
ကီလို ၁၇၂၅၂.၈၉၃ ၄၃.၀၀၀ ၁၇၂၉၅.၈၉၃
  ပဲလွန်းဖြူ US$ ၁၄.၅၇၃ ၁.၃၄၇ ၁၅.၉၂၀
ကီလို ၁၉၇၈၁.၃၄၇ ၃၂၅၇.၇၅၃ ၂၃၀၃၉.၁၀၀
  မြေထောက်ပဲ US$ ၂၂.၆၄၄ ၈.၀၁၉ ၃၀.၆၆၃
ကီလို ၂၉၁၆၉.၄၉၄ ၁၂၇၁၂.၄၆၁ ၄၁၈၈၁.၉၅၅
  ထောပတ်ပဲ US$ ၁၅.၅၉၇ ၃.၀၃၃ ၁၈.၆၃၀
ကီလို ၁၈၀၃၅.၈၂၂ ၅၅၉၈.၈၅၀ ၂၃၆၃၄.၆၇၂
   ပဲယင်း US$ ၁၃.၈၅၃ ၃.၃၆၂ ၁၇.၂၁၅
ကီလို ၁၈၇၄၇.၃၀၈ ၇၂၈၂.၆၀၀ ၂၆၀၂၉.၉၀၈
  ၁၀ ပဲကြီး US$ ၃.၀၇၆ ၁.၂၅၈ ၄.၃၃၄
ကီလို ၄၃၂၃.၁၇၀ ၂၃၀၀.၄၂၀ ၆၆၂၃.၅၉၀
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၂.၂၂၄   ၂.၂၂၄
ကီလို ၃၃၈၇.၁၃၅   ၃၃၈၇.၁၃၅
  ၁၂ စွန်တာပြာ US$ ၀.၄၁၆ ၀.၀၀၀ ၀.၄၁၆
ကီလို ၆၂၈.၇၀၀ ၀.၀၀၀ ၆၂၈.၇၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၉၉၅ ၀.၉၉၅
ကီလို   ၁၇၅၆.၅၃၀ ၁၇၅၆.၅၃၀
  ၁၄ ပဲဖြူလေး US$ ၀.၁၈၂ ၀.၀၀၀ ၀.၁၈၂
ကီလို ၂၅၆.၆၈၅ ၀.၀၀၀ ၂၅၆.၆၈၅
  ၁၅ ဘိုကိတ်ပဲ US$ ၆.၆၂၁ ၀.၀၀၀ ၆.၆၂၁
ကီလို ၈၈၀၈.၄၁၀ ၀.၀၀၀ ၈၈၀၈.၄၁၀
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၆၃ ၀.၀၀၀ ၀.၀၆၃
ကီလို ၆၆.၀၀၀ ၀.၀၀၀ ၆၆.၀၀၀
  ၁၇ ပဲနီကြား US$   ၁.၇၇၄ ၁.၇၇၄
ကီလို   ၄၅၁၂.၂၅၀ ၄၅၁၂.၂၅၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၄၇၀ ၀.၄၇၀
ကီလို   ၆၁၅.၆၀၀ ၆၁၅.၆၀၀
  ၁၉ မြေပဲ(အခွံပါ) US$      
ကီလို      
  ၂၀ မြေပဲဆံ US$ ၁.၃၁၄ ၃.၉၁၉ ၅.၂၃၃
ကီလို ၁၅၂၇.၆၀၀ ၄၀၇၅.၃၀၀ ၅၆၀၂.၉၀၀
  ၂၁ အခြားပဲ US$ ၀.၅၄၀ ၀.၀၀၀ ၀.၅၄၀
ကီလို ၉၄၃.၃၁၄ ၀.၀၀၀ ၉၄၃.၃၁၄
    ပဲတင်ပို့မှုစုစုပေါင်း US$ ၄၉၃.၅၆၀ ၉၆.၅၈၉ ၅၉၀.၁၄၉
ကီလို ၆၁၁၅၂၉.၅၀၈ ၁၄၂၅၈၇.၂၉၇ ၇၅၄၁၁၆.၈၀၅

Pages