အွန်လိုင်းဈေးကွက်၏ ရောင်းအားအကောင်းဆုံးတွင် အိုင်တီပစ္စည်းများက ဦးဆောင်လျက်ရှိ

Tue, 01/13/2015 - 13:54 -- admin_ygn

   မြန်မာနိုင်ငံတွင်  တန်ဖိုးနည်းဖုန်းများပေါ်ထွက်လာပြီးသည့်နောက်ပိုင်းတွင် အွန်လိုင်းမှတစ်ဆင့်ရောင်းဝယ်မှုုပြုလုပ်သူများ များပြားလာခဲ့သည်။
  အွန်လိုင်းမားကက်သည် လူငယ်လူရွယ်များကြားတွင် ရေပန်းစားသည့် ဈေးကွက်တစ်ခုအဖြစ် တွင်ကျယ်လျက်ရှိသည်။ အဆိုပါအွန်လိုင်းမားကက်တွင် ပစ္စည်းအသစ်များ သာမက တစ်ပတ်ရစ်ပစ္စည်းများကိုလည်းရောင်းဝယ်လျက်ရှိသည်ကိုတွေ့ရသည်။
   ယင်းကဲ့သို့  ရောင်းဝယ်မှုများပြု လျက်ရှိရာတွင်  အွန်လိုင်းမားကက်အတွင်း၌ အိုင်တီပစ္စည်းများသည် ဈေးကွက်အတွင်း ပထမနေရာ၌ နေရာယူထားကြောင်း လေ့လာဆန်း စစ်မှုများအရသိရသည်။
  အထူးသဖြင့် အွန်လိုင်းပေါ်မှနေ၍ ဖုန်းအသစ်များ၊ တစ်ပတ်ရစ်ဖုန်းများ ရောင်းဝယ်မှုသည် ဈေးကွက်တစ်ခုသဖွယ်ဖြစ်တည်လျက်ရှိပြီး နာရီပိုင်းအတွင်း အရောင်း အဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။
   Handset များ၊ Handset အပါအဝင် ဖုန်းဆင်းကတ်များကိုလည်း အွန်လိုင်းပေါ်တွင်  ရောင်းဝယ်မှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။
   ယင်းကဲ့သို့ တစ်ပတ်ရစ်ဖုန်းဈေးကွက်နှင့်ပတ်သက်၍ ads.com.mm  ၏ Country Manager ဖြစ်သူမစ္စတာ နီကိုပိုးမားက ''ကျွန်တော်တို့ဝက်ဘ်ဆိုက်မှာ အရမ်းရေပန်း စားပြီးအရောင်းအဝယ်အဖြစ်ဆုံးကတော့ ဖုန်းကဏ္ဍရယ်၊ ကွန်ပျူ တာတွေရယ်ပဲဖြစ်ပါတယ်။ ရောင်းသူတွေက လက်လီတွေရော လက်ကားပါရောင်းပေးလို့ ဝယ်ယူသူအနေ နဲ့လည်းအဆင်ပြေပါတယ်။ တစ်ပတ်ရစ် ရောင်းတဲ့သူတွေဆိုရင် ၁၈ နာရီအတွင်း အရောင်းအဝယ်ဖြစ်တာတွေလည်းရှိပါတယ်။ ခုလက်ရှိ မြန်မာနိုင်ငံမှာ ဖုန်းကိုလူတိုင်း အသုံးပြုနေကြတဲ့အတွက်အွန်လိုင်းဈေးကွက် မှာ ဖုန်းကတော့  တော်တော်လေးကို အရောင်းအဝယ်  ဖြစ်နေဦးမှာပါ''ဟု ပြောကြားခဲ့သည်။
   ယခုလက်ရှိတွင်  မြန်မာနိုင်ငံ၌ အွန်လိုင်းအသုံးပြုသူပေါင်း ၉၃ ဒသမ ၃၆ ရာခိုင်နှုန်းရှိပြီး အွန်လိုင်းအသုံးပြု သူများအနက်  ဖုန်းဖြင့် အသုံးပြုသူပေါင်းမှာ ၉၂ရာခိုင်နှုန်းရှိပြီး ကျန်ရှစ်ရာခိုင်နှုန်းမှာ ကွန်ပျူ တာဖြင့် အသုံးပြုသူများဖြစ်ကြောင်း လေ့လာချက်များအရသိရသည်။

မယ်သီတာ

 

Local Trade News

Pages