အဝယ်နည်းလို့ ပြည်မြေပဲဆန်ဈေးပြန်ကျ

Wed, 05/17/2017 - 07:57 -- admin_ygn

ယခုတစ်ပတ်တွင် မင်းတုန်း၊ ကံမနှင့်ပန်းတောင်းမြို့နယ်ဘက်မှတစ်နေ့လျှင် မြေပဲဆန်အိတ် ၅၀၀ ခန့် ပြည်ဈေးကွက်သို့   ဝင်ရောက်လာတာ တွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆန်ကို ဆီစက်များက အဝယ်ရှိပေမယ့်လည်း ယခုချိန်တွင် နှမ်းကို ဦးစားပေးဝယ်ယူနေသဖြင့် မြေပဲဆန်ဈေးမှာ ယခင် တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးအနည်းငယ်  ကျလာတာတွေ့ရပါတယ်။ လုံးဆန် (အဖြူ)ကို ဝယ်လက်များက ဝယ်ယူမှုရှိခြင်း၊ လုံးဆန်(အနီ)ကိုပဲလှော်သမား များက ဝယ်ယူမှုရှိနေသော်လည်း ဈေးအနည်းငယ် ကျလာတာတွေ့ရပါတယ်။ ယခုတစ်ပတ် မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန် တစ်ပိဿာလျှင် ကျပ် ၂၁၀၀၊ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၂၆၀၀ နှင့် လုံးဆန်(အနီ) တစ် ပိဿာလျှင် ၂၄၂၅ ကျပ်ဖြင့် တစ်နေ့လျှင် အိတ် ၃၀၀ မှ ၄၀၀ ခန့်  အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းသိရပါတယ်။                                  

     ဝေေ၀မင်း