ကျောက်ဆည်ဆီဈေးငြိမ်

Tue, 09/06/2011 - 07:54 -- Anonymous (not verified)

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်မှာ ဆီထွက်သီးနှံနဲ့ ဆီဈေးနှုန်းများကတော့ ဆီထွက်သီးနှံဈေးအေးပြီး ဆီဈေးငြိမ်ပါတယ်။ သြဂုတ်လ ပထမပတ်မှာ မြေပဲတောင့် ဈေးနှုန်းဟာ တစ်တင်းကို ၆၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၂၅၅၀၀ ကျပ်၊ နှမ်းညို တစ်တင်း ၁၆၂၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၂၂၀၀၀ ကျပ်ဈေးနှုန်းနဲ့ ပဲဆီတစ်ပိဿာ ၄၀၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၄၀၀ ကျပ်၊ စားဆီ တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးနှုန်းရှိပြီး သြဂုတ်လ ဒုတိယပတ်မှာ ဆီထွက်သီးနှံနဲ့ ဆီဈေးနှုန်းများဟာ မြေပဲတောင့် တစ်တင်း ၆၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၂၄၀၀၀ ကျပ်၊ နှမ်းညိုတစ်တင်း ၁၅၈၀၀ ကျပ်၊ နှမ်းနက်တစ်တင်းကို ၂၁၀၀၀ ကျပ်ဈေးနှုန်းရှိပြီး ပဲဆီ တစ်ပိဿာ ၄၀၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၄၀၀ ကျပ်၊ စားဆီတစ်ပိဿာ ၂၀၀၀ ကျပ်ဈေးနှုန်းရှိပါတယ်။ ယခုအပတ်မှာ ဆီထွက်သီးနှံ ဈေးနှုန်းများသာ အနည်းငယ်ကျဆင်းနေသော်လည်း ဆီဈေးနှုန်းများမှာ သိသိသာသာ ပြောင်းလဲခြင်းမရှိပဲ ဈေးငြိမ်နေကြောင်း သိရပါတယ်။
နှင်းလဲ့လဲ့ - ကျောက်ဆည်