အင်ဖာ-မန္တလေး မော်တော်ယာဉ်လိုင်း ပြေးဆွဲနိုင်ရေး မိုရေး-အင်ဖာလမ်းကြောင်းအားလေ့လာ

Tue, 01/20/2015 - 14:42 -- admin_ygn

   မဏိပူရပြည်နယ်၊ အင်ဖာမြို့နဲ့ မြန်မာနိုင်ငံ  မန္တလေးမြို့တို့ကို မော်တော်ယာဉ်လိုင်းပြေးဆွဲရာမှာ  အဝေးပြေးကားလမ်းမကြီးဖောက်လုပ်နိုင်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ မဏိပူရကိုယ်စားလှယ်အဖွဲ့တို့ဟာ ဇန်နဝါရီလ ၁၂ ရက်နေ့က ကားလမ်းမကြီးကို စတင်ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ ဇန်နဝါရီလ  ၁၃ ရက်နေ့ထုတ် The Sangai Express  သတင်းစာမှာ ဖော်ပြထားပါတယ်။  
   အင်ဖာနဲ့  မိုရေးမှာ ကီလိုမီတာ ၁၁၀  ကွာဝေးပြီး မိုရေးနဲ့ မန္တလေးမြို့တို့မှာ ၄၆၉ ကီလိုမီတာကွာဝေးပါတယ်။ မော်တော်ယာဉ်လိုင်းပြေးဆွဲသည့်အခါတွင် အိန္ဒိယ-မြန်မာ နယ်စပ် တမူးမှာ ၂၈ ရက်ကြာ နေထိုင်ခွင့်ရှိတဲ့ ပြည်ဝင်ဗီဇာကို  နှစ်နိုင်ငံအစိုးရတို့က ဆောင်ရွက်ပေးသွားမယ်လို့သတင်းမှာဖော်ပြထားပါတယ်။
   အင်ဖာမှ မန္တလေးသို့ မော်တော်ယာဉ်လိုင်း ပြေးဆွဲမယ့်ကိစ္စနဲ့စပ်လျဉ်းပြီး  ပို့ဆောင်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆောင်တဲ့ တမူး ခရိုင်အုပ်ချုပ်ရေး မှူးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါပြီး တစ်ဖက်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့နဲ့ မိုရေး-အင်ဖာလမ်းကြောင်းအား လိုက်လံလေ့လာကြည့်ရှုခဲ့ကြပြီး တမူးမှ မန္တလေးထိ လမ်းကြောင်းကိုလည်း နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့က လိုက်လံလေ့လာကြည့်ရှုသွားမယ်လို့သတင်းမှာဖော်ပြထားပါတယ်။

နေထက်မင်း (တမူး)

Local Trade News

Pages