ဘိလပ်မြေ တန်ချိန် ရှစ်သောင်းလေးထောင်ကျော်ဝင်

Thu, 05/05/2016 - 09:09 -- admin_ygn

   ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ် အတွင်း    ကန်ဒေါ်လာ ၅၆၆၂၀၂၀ တန်ဖိုးရှိ ဘိလပ်မြေ ၇၃၂၉၃ဒသမ၇၀ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါ တယ်။ဒီတစ်ပတ်မှာတရုတ်နိုင်ငံမှ ၁၃၉၈၈ ဒသမ ၂၀ တန်၊ အိန္ဒိ ယနိုင်ငံမှ တန်ချိန် ၁၄၀၀၊ မလေး ရှားနိုင်ငံမှ ၂ဒသမ ၅ တန်နဲ့ ထိုင်းနိုင်ငံမှ ၅၇၉၀၁ ဒသမ ၆၀ တန် ဝင်လာခဲ့တယ်လို့သိရပါတယ်။ စိန်၊ ဆင်၊ ရန်ကို စတဲ့ တံဆိပ်များဝင်လာခဲ့ပါတယ်။ ဧပြီ ၁၇ ရက်မှ ၂၃ ရက်  သီတင်း ပတ်အတွင်းမှာတော့ ကန်ဒေါ်လာ ၈၇၁၀၃၈ တန်ဖိုးရှိ ဘိလပ်မြေ ၁၀၇၅၂ တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဧပြီလ ပထမပတ်နဲ့ တတိယပတ်အတွင်း ဘိလပ်မြေ တန် ချိန် ၈၄၀၄၅ ကျော် ဝင်လာခဲ့တယ်လို့ သိရပါတယ်။