ပြည်ပဲပုပ်သစ်များ ဈေးတက်လာသော်လည်း အခြားပဲများထက် ဈေးလျော့နည်းခဲ့

Thu, 01/28/2016 - 08:24 -- admin_ygn

ယခုတစ်ပတ် ပြည်ပဲဈေးကွက်သို့ ပဲပုပ်သစ်များ အဝင်ဆက်တိုက်ရှိလာလို့ တစ်ရက်ကို အိတ် ၅၀ မှ၁၀၀ ကျော်ထိ ဝင်ရောက်လာပြီဖြစ်ပါတယ်။သို့သော်လည်း ဝယ်လိုအားအနေဖြင့် ဒေသတွင်းဝယ်လက်များမှဝယ်ယူနေတယ်လို့ သိရပါတယ်။ ပဲတစ်တင်းကို ၁၈၅၀၀ ကျပ်ဖြင့်ယခင်တစ်ပတ်ထက်လည်း ဈေးအနည်းငယ်ပိုလာသလို ယခင်နှစ်က ဈေး ထက်လည်းဈေးပိုလာခဲ့ပါတယ်။ အခြားပဲများအားလုံးလိုလိုဈေးနှုန်းများ ၂၀၁၅ ခုနှစ်၊ နှစ်လယ်မှစ၍ ဈေးမြင့် တက် ခဲ့သော်လည်း ပဲပုပ်သီးနှံကတော့ ယခင်နှစ်ကရော ယခုနှစ်အတွင်းမှာပါ အခြားပဲများနှင့် ယှဉ်ရင်ဈေးအေးနေခဲ့တဲ့ ပဲသီးနှံဖြစ်ခဲ့ပါ တယ်။
ခင်ဆွေဝင်း-ပြည်