ပြည်စားတော်ပဲဈေးတရိပ်ရိပ် တက်လျက်ရှိ

Tue, 05/10/2016 - 07:35 -- admin_ygn

    မေလဆန်းပြည်ဈေးကွက်မှာ ပဲအချို့ဈေးလျော့နည်းခဲ့သော်လည်း လက်လီပဲအချို့ ဈေးမြင့်တက်ခဲ့ရာ စားတော်ပဲသီးနှံဈေးကလည်း သြင်္ကန်ပြီးကာလမှစ၍ ဈေးတရိပ်ရိပ် တက်ခဲ့တာကြောင့် မေပထမပတ်မှာ တစ်တင်း ၄၀၀၀၀ ကျပ်အထိရရှိခဲ့တာကိုတွေ့ရပါတယ်။ ဧပြီလကုန်မှာ တစ်တင်း ၃၇၀၀၀ ကျပ်ရရှိပြီး လက်လီပဲဈေးကွက်မှာ ဈေးအမြင့်ဆုံးရနေသလို ယခုတစ် ပတ်မှာ တစ်တင်းကျပ် ၃၀၀၀ ခန့်ပိုရလာလို့  ပြည်ပပဲဈေးကွက်တင်ပို့မှုရှိတဲ့ ပဲဈေးများကဲ့သို့ဈေးကောင်းရလာပြီး တစ်ရက်အိတ် ၃၀ ကျော် ၄၀ အထိလက်လီအဝယ်ရှိနေခဲ့ပါတယ်။စားတော်ပဲသီးနှံရဲ့နေ့စဉ်ဈေးနှုန်းများအရ အခြားပဲများနှင့် နှိုင်းယှဉ်ကြည့် လျှင်ပြည်တွင်းဝယ်လက်ပဲထဲ မှာ နှစ်စဉ်ဈေးကောင်း ရတဲ့ပဲဖြစ်ခဲ့တာကို တွေ့ရပါတယ်။
 

ခင်ဆွေဝင်း-ပြည်