နံနံပင်နှင့် မျှစ်ဈေးကွက်

Thu, 06/23/2022 - 06:03 -- admin_ygn

ပြည်မြို့တွင်နံနံပင်ကိုပန်းတောင်း၊ ပေါင်းတလည်၊ပေါက်ခေါင်း၊ ရွှေတောင်၊သဲကုန်းမြို့များတွင် စိုက်ပျိုးကြသည်။ရာသီအချိန်မရွေးစိုက်ပျိုး၍ရသော်လည်း မိုးတွင်းပိုင်းတွင် ရှားပါးသည်။ နံနံစေ့တစ်ပိဿာလျှင် ပိဿာချိန်၄၀ခန့် ထွက် ရှိကြောင်း သိရသည်။ ပြည်ဈေးကွက်မှ နံနံပင်များကို ရန်ကုန်သို့  အများဆုံးတင်ပို့ရောင်းချလျက်ရှိသည်။ တင်ပို့သည့်အခါ ဂုန်နီအိတ်နှင့် ၄၀ ပိဿာ၊ ပီပီအိတ် နှင့် ၂၅ပိဿာဖြင့် ထုပ်ပိုးတင်ပို့လျက်ရှိကြောင်း သိရသည်။ တစ်နှစ်လျှင် ပိဿာချိန် ၂၀ဝ၀ဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်းနှင့် ပြည်ဈေးကွက်အနေဖြင့် နံနံပင်တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ ဖြင့်ဈေးကောင်းရနေသည်။  ပြည်ဈေးကွက်သို့ ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင် ဘာလများတွင် မျှစ်များ ရောက်ရှိလာပြီဖြစ်သည်။ မျှစ်များပေါ် ခါစအချိန်တွင် ဈေးကောင်းများရရှိပြီး အထွက်လှိုင်လာချိန်တွင် ဈေးများကျလာသည်။ ပြည်မြို့ရှိ  ဈေးကွက်သို့  ပေါက်ခေါင်း၊ ပေါင်းတလည်နှင့် ပန်းတောင်းဘက်မှ မျှစ်အများဆုံး ဝင်ရောက် လျက်ရှိသည်။ ဝင်ရောက်လာသည့် မျှစ်များထဲတွင် မျှစ်အစိမ်း များပါသလို မျှစ်ပြုတ်များလည်းပါကြောင်း သိရသည်။ မျှစ်အစိမ်း များကို မျှစ်စပ်များပြုလုပ်၍ရောင်းချသလို မျှစ်ပြုတ်များလုပ်၍ဒေသတွင်း သာမကဘဲ ရန်ကုန်မြို့သို့ပါ တင်ပို့ရောင်းချကြသည်။မျှစ်များ လှိုင်လှိုင်ပေါ်ချိန်တွင်လည်း မျှစ်ချဉ်များပြုလုပ်ပြီးရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြသလို မြို့တွင်းသို့လည်း ပြန်လည်ရောင်းချကြောင်းသိရသည်။မျှစ်ဈေးနှုန်းများအနေဖြင့် မျှစ်စပ် တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀၊ မျှစ်အကျက်ပြုတ်တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ ဖြင့်ဈေးကွက်တွင် ရောင်းချလျက်ရှိ ကြောင်း သိရသည်။    
သက်ယမုံဖူး (ပြည်)

Local Trade News

Pages