ဈေးအဖွင့်မှာ ဈေးကောင်းရနေသော ဟင်္သာတပဲဈေးကွက်

Tue, 12/23/2014 - 09:31 -- admin_ygn

   ဟင်္သာတပဲဈေးကွက်တွင် ပဲလွန်းဖြူ၊ ပဲလွန်းနီ၊ ပဲပုပ်၊ ပဲတီစိမ်းအသစ်များဝင်ရောက်နေပြီဖြစ်ပါတယ်။ ပဲလွန်းဖြူသီးနှံက တစ်ရက်ကို အိတ် ၃၀၀၊ ပဲတီစိမ်းသီးနှံက တစ်ရက်ကို အိတ် ၁၀၀ ခန့်၊ ပဲပုပ်သီးနှံကတော့ တစ်ရက်ကို အိတ် ၂၀၀ ခန့် အရောင်းအဝယ်ပြုလုပ်နေပါတယ်။
   ကုန်သည်များကလည်း ပစ္စည်းဝင်ရောက်မှုနှင့် အရည်အသွေးပေါ် မူတည်ပြီး ပိဿ    ာ ၂၀ တစ်တင်းကို ပဲလွန်းဖြူ ၁၇၄၀၀ ကျပ်၊ ပဲလွန်းနီ ၁၇၂၀၀ ကျပ်၊ ပဲပုပ် ၁၇၂၀၀ ကျပ်၊ ပဲတီစိမ်း ၃၅၅၀၀ ကျပ်ဈေးဖြင့် ဝယ်ယူနေ ပြီး ရန်ကုန်ဈေးကွက်သို့  ရက်ခြားဖြင့် ပဲတီစိမ်းအသစ်များ အိတ် ၁၅၀ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။

အေးအေးခိုင်-ဟင်္သာတ

Local Trade News

Pages