ဆန်နဲ့ ဆန်ကွဲ ပိုမိုတင်ပို့

Tue, 03/01/2016 - 04:58 -- admin_ygn

ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၀ ရက်တာ ကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန် ဒေါ်လာ ၃ ဒသမ ၅၅၂ သန်းဖိုးရှိ ဆန်ဖြူနဲ့ ပေါင်း ဆန်တန် ၉၅၅၀ ကို  တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ နဲ့ အီးယူနိုင်ငံများသို့ တင်ပို့ ခဲ့ပါတယ်။တရုတ်နိုင်ငံသို့   ဧည့်မထဆန် တန် ၄၅၀၀၊ အင်ဒိုနီးရှားနိုင်ငံသို့ ဧည့်မထဆန် ၄၄၂၅ တန်နဲ့ အီးယူနိုင်ငံများသို့  ဧည့်မထဆန် ၅၇၅ တန်နဲ့ ပေါင်းဆန်တန် ၅၀ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်တင် ပို့မှုထက် တန် ၄၈၀၀ ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ဆန်ကွဲတင်ပို့မှုမှာ အီးယူနိုင်ငံများသို့ တန်  ချိန် ၃၆၈၀၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၉၈၈ သန်း ဖြစ်ပါတယ်။ ယခင်တစ်ပတ်ထက် တန် ၃၁၂၀ ပိုမိုခဲ့ပါတယ်။ကုန်သွယ်ရေး စခန်းများ မှ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၉ ရက်အထိကာလအတွင်းမှာ ကန်ဒေါ်လာ ၅  ဒသမ ၃၄၅ သန်းဖိုးရှိ ဆန် ၁၀၇၈၄ တန်ကျော် တင်ပို့ခဲ့ပါတယ်။မူဆယ်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် တန် ၈၂၁၀၊ ဧည့်မထဆန် ၂၅၇၅ တန်ခန့်၊ ချင်းရွှေဟော် စခန်းမှ  ငစိန်ဆန် ၂၈၈ တန်ကျော်နဲ့ လွယ်ဂျယ် စခန်းမှ ငစိန်ဆန်  တန် ၃၅၀၀ တင်ပို့ခဲ့တာဖြစ် ပါတယ်။ ယခင်တစ်ပတ်  တင်ပို့မှုထက် ၁၅၀၅ တန်ခန့်ပိုမိုခဲ့ပါတယ်။ မူဆယ်ကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၀၈၄ သန်း ဖိုးရှိ ဆန်ကွဲ ၃၃၀၅ တန်တင်ပို့ခဲ့ရာ ယခင်တစ်ပတ် တင်ပို့မှုထက် ၁၅၅၅ တန်ပိုမိုခဲ့ပါတယ်။ယခုတစ်ပတ်မှာ ပင်လယ်ရေကြောင်းရော၊ ကုန်သွယ်ရေးစခန်းများ မှပါ   ဆန်နဲ့ ဆန်ကွဲ ပိုမို တင် ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

ယဉ်ယဉ်အေး

Local Trade News

Pages