ကျော့မင်းကျေးရွာဒေသထွက်ကုန် ဂျုံရိုးဦးထုပ်လုပ်ငန်း

Thu, 08/01/2019 - 07:52 -- admin_ygn

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ကျော့မင်းကျေးရွာ၏အဓိကစီးပွားရေးလုပ်ငန်းမှာစိုက်ပျိုး ရေးလုပ်ငန်းဖြစ်ပြီး ဂျုံရိုးဦးထုပ်လုပ်ငန်းမှာအသေးစား အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအဖြစ် ကျေးရွာတစ်ရွာလုံးနီးပါးလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

ဂျုံရိုးဦးထုပ်ပြုလုပ်ရာတွင် ဂျုံရိုးလေးများကို အဆစ်ဖြုတ်ရွေးချယ်ခြင်း၊ ရေစိမ်ခြင်း(ဂျုံရိုးကျစ်ရာတွင် မကျိုးကြေစေ ရန်)၊ ဂျုံရိုးကျစ်ခြင်း၊ အနားဖြတ်ခြင်း၊ ဝါကြိတ်စက်ဖြင့် ပြန့်ပြူးစေရန်ကြိတ်ခြင်း၊ စက်ချုပ်စက်ဖြင့်  ပုံဖော်ချုပ်လုပ်ခြင်း၊ အရောင်ချွတ်ခြင်း၊ နေလှန်းအခြောက်ခံခြင်း၊ ရိုက်သီးရိုက်ပန်းဆွဲပန်းကပ်ဟူ၍  အဆင့်(၉)ဆင့်ဖြင့် ပြုလုပ်ဆောင်ရွက် နေသည်။
ထုတ်လုပ်မှုကုန်ကျစရိတ် အကျိုးအမြတ်အနေဖြင့် ဦးထုပ် ၁၅ လုံးလျှင် ဂျုံရိုးကုန်ကြမ်းကျပ်၉၀ဝဝ၊ ကျစ်ခ ကျပ် ၉၀ဝဝ၊ စက်ချုပ်ခကျပ် ၁၅၀ဝဆေးဆိုးအရောင်ချွတ် ပန်းဆွဲ ပန်းကပ် ကျပ် ၅၃၀ဝ စုစုပေါင်းကျပ် ၂၄၈၀ဝကုန်ကျမည်ဖြစ် ပြီး ပျမ်းမျှဦးထုပ်တစ်လုံးကျပ်၂၅၀ဝ နှုန်းဖြင့် ကျပ် ၃၇၅၀ဝ ရရှိမည်ဖြစ်ပြီးအသားတင်ကျပ်၁၂၇၀ဝ ရရှိသည်။
ဦးထုပ် ၁၅ လုံးပြုလုပ်ရာတွင် သုံးရက်ခန့်ကြာမြင့်ပြီး ဦးထုပ်တစ်လုံး၏တန်ဖိုးမှာ ပုံသဏ္ဌာန်အရွယ်အစား ချုပ်လုပ်မှု လက်ရာ၊ ပန်းဆွဲပန်းကပ်၊ ဒီဇိုင်းပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲသွားနိုင်ကြောင်း၊ ဂျုံသီးနှံသည်   အခြားသီးနှံမြေပဲ၊ နှမ်းသီးနှံတို့ဖြင့်  နှိုင်းယှဉ်လျှင် ဂျုံသီးနှံဈေးမရှိသော်လည်း ဂျုံရိုးကိုလိုချင်သောကြောင့် ဂျုံသီးနှံကိုစိုက်ပျိုးနေရကြောင်း၊ သီးနှံတစ်တင်းလျှင် ကျပ်၂၀ဝဝဝ - ၂၅၀ဝ၀ ဈေးဆိုလျှင် ဂျုံစိုက်တောင်သူများ ယခုထက်ပိုမိုစီးပွားဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း၊ ဤလုပ်ငန်းအနေဖြင့် အကျိုးအမြတ်နည်းပါးသော်လည်း မိသားစုအလုပ်အကိုင်ရရှိခြင်း၊ ဖြန့်ဖြူးရာ ဈေးကွက်ကိုအခြေခံ၍ထုတ်လုပ်ခြင်း၊ မိရိုးဖလာလက်မှုပညာမတိမ်ကောမပပျောက်စေရန် ထိန်းသိမ်းခြင်း၊ ဆင်းရဲ နွမ်းပါးမှုကို လျှော့ချနိုင်ခြင်း၊ ဂျုံရိုး(နွားစာ)အား တန်ဖိုးမြှင့်ထုတ်ကုန်(ဠေူကန ဗိနိ)ပြုလုပ်ရောင်းချခြင်းဖြင့် လူမှုစီးပွား ဘဝတိုးတက်လျက်ရှိကြောင်း ဦးသန်းစိုးဝင်း(ဂျုံရိုးဦးထုပ်လုပ်ငန်းရှင်)ထံမှ သိရသည်။                 
     အောင်လင်း(မြင်းမူ)

 

Local Trade News

Pages