၂၀၂၂ ခုနှစ် မတ်လတွင် ရော်ဘာတန်ချိန် လေးသောင်းခြောက်ထောင်ကျော်တင်ပို့

Thu, 04/28/2022 - 09:39 -- admin_ygn

၂၀၂၂ ခုနှစ် မတ်လတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၄၃၉၅၀ ခန့် တင်ပို့ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၆၆ ဒသမ ၉၅၆ သန်းကျော်ရရှိကြောင်း သိရသည်။နိုင်ငံအလိုက် တင်ပို့မှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ ရော်ဘာတန်ချိန် ၂၅၃၂၀ ခန့်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၁၅၆၆၀ခန့်၊ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၇၈၀ ကျော် ၊ ထိုင်ဝမ်သို့ တန်ချိန် ၂၀ဝ ခန့်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၃၀ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၉ ခန့်၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၂၈၀ ခန့်၊ ကိုရီးယားနိုင်ငံသို့ တန်ချိန် ၃၄၀ ခန့်နှင့် အင်ဒိုနီးရှား နိုင်ငံသို့ တန်ချိန် ၄၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။၂၀၂၂ ခုနှစ် မတ်လတွင် မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ရော်ဘာတန်ချိန် ၁၄၄၀ ခန့်နှင့် မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ရော်ဘာတန်ချိန် ၁၀ဝ၀ ခန့် တင်ပို့နိုင်သဖြင့် စုစုပေါင်း တန်ချိန် ၂၄၄၀ ခန့် တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၉ သန်း ရရှိ ကြောင်း သိရသည်။မတ်လတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး  လမ်းကြောင်းများမှ ရော်ဘာတင်ပို့မှု တန်ချိန် ၄၆၃၉၀ ခန့် နှင့် တန်ဖိုးအမေရိကန် ဒေါ်လာ ၇၁ ဒသမ ဝ၄၆ သန်းရရှိကြောင်း သိရသည်။                           

         အေးအေးသန့်( DOT)

Border Trade News

Pages