ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Tue, 04/23/2024 - 04:48 -- bordertrade

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများ ကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ရက်နေ့မှ ၂၀ရက်နေ့အထိ ပို့ကုန်တန်ချိန် (၇၀၁၁.၄၇၇)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂.၉၉၆)သန်းနှင့်သွင်းကုန်(၅၅၆.၉၀၀)တန်၊ (၂၁၂၂)U၊ (၇၀၈၀၀)2U၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၀၈၅)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ(၃.၀၈၁)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

                                ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရေထွက် ကုန်ပစ္စည်းအုပ်စုတွင် (၂၆၆၉.၀၁၃)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂.၀၅၄)သန်း၊ လယ်ယာ ထွက်ကုန်ပစ္စည်းအုပ်စုတွင် (၄၁၇၅.၄၆၄)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၉၂၅)သန်းနှင့် အခြားပစ္စည်း အုပ်စုတွင် (၁၆၇.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၁၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။ ပို့ကုန် တိုးမြှင့်ရေး အဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဘက် ထိုင်းနိုင်ငံမှ Quota  ကာလ အနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့ အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံ ထွက်ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန် ဆိပ်ကမ်း များမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၀) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်း မှ ရနောင်းသို့ ပြောင်းတန်ချိန် (၁၉၄၃၇.၆၈၄) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄.၄၀၁)သန်းအား တင်ပို့နိုင်ခဲ့ပါသည်။ ကော့သောင်းကုန်သွယ်ရေးစခန်းတွင် တင်ပို့မှုပျောက်ကွယ်ခဲ့သော နှမ်းတင်ပို့မှုရှိလာပြီး ယခု အပတ်တွင် လယ်ယာထွက်ကုန်ဖြစ်သည့် ကြက်သွန်နီလည်း (၃၈၄.၈၀၀)တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၁၅၈)သန်းအားလည်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ တဘက်ပါအတိုင်းဖြစ်ပါသည်။

          စဉ်        အမည်         အရေအတွက်          ဈေးနှုန်း

          (၁)     လိုင်းဝါ(200-300 gm) ၁ ကီလိုဂရမ်   ၁.၀၀၀ ဒေါ်လာ

          (၂)     စစ်ကလပ်(200-300 gm)      ၁ ကီလိုဂရမ်   ၁.၀၀၀ ဒေါ်လာ

          (၃)     ကြိမ်မွေ့ဒေါင်း(800 gm up)   ၁ ကီလိုဂရမ်   ၁.၄၀၀ဒေါ်လာ

          (၄)     ငါးပုလွေ(200-300 gm)        ၁ ကီလိုဂရမ်   ၁.၁၁၀ ဒေါ်လာ

          (၅)     ငါးချဉ်ပေါင်(200-300 gm)     ၁ ကီလိုဂရမ်   ၁.၀၀၀ဒေါ်လာ

          (၆)     ပလာတူးခက်  ၁ ကီလိုဂရမ်   ၀.၉၈၀ဒေါ်လာ

          (၇)     ငါးစက္ကူ(1000 gm down)     ၁ ကီလိုဂရမ်   ၁.၃၅၀ဒေါ်လာ

          (၈)     ကင်းမွန်(8-12 cm)    ၁ ကီလိုဂရမ်   ၂.၁၀၀ဒေါ်လာ

          (၉)     ငါးကုန်းညို     ၁ ကီလိုဂရမ်            ၀.၉၀၀ ဒေါ်လာ

          (၁၀)    ပလာလန်း         ၁ ကီလိုဂရမ်   ၁.၁၀၀ ဒေါ်လာ

          သွင်းကုန်ပိုင်းအနေဖြင့်၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ရက်နေ့မှ ၂၀ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းအုပ်စုတွင် (၂၀၀.၀၀၀)တန်၊(၁၇၂)U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၂၈) သန်း၊ လုပ်ငန်းသုံး ပစ္စည်းအုပ်စုတွင် (၉၆.၉၀၀) တန်၊ (၁၉၅၀)U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၂၇)သန်းနှင့် လူသုံး ကုန်ပစ္စည်းအုပ်စုတွင် (၂၆၀.၀၀၀)တန်၊ (၇၀၈၀၀)2U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၃၀)သန်း တင်သွင်းခဲ့ပါသည်။

          ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ် များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၂၀-၄-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၉၆၁.၅၀) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ(၁၀၄)ကျပ်ခန့် (၁၉-၃-၂၀၂၄)ရက်နေ့ နှိုင်းယှဉ်လျှင် တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၄၁၇၅) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၄၄၀၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Border Trade News

Pages