ယခုအပတ်အတွင်း စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့်ရှ်နိုင်ငံသို့ ရေထွက်ကုန်နှင့် စက်မှုကုန်ချောပစ္စည်းများ ပိုမိုတင်ပို့

Mon, 03/06/2023 - 09:49 -- mocadmin

   အိမ်နီးချင်းနိုင်ငံဖြစ်သည့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ဒေသမှတစ်ဆင့် ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန် သွယ်ရေးစခန်းတို့မှတစ်ဆင့် တစ်ဖက်နိုင်ငံ၊ တက္ကနဗ်မြို့သို့ ကုန်စည်များတင်ပို့၊ တင်သွင်းလျက်ရှိသည်။ 

   မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို တင်ပို့လျက်ရှိပြီး၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။

   မတ်လ ပထမသီတင်းပတ်အတွင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်ဖြစ်သည့် ငါးမြစ်ချင်း (၄၅) တန်ခန့်၊ စက်မှုကုန်ချောပစ္စည်းများဖြစ်သည့် တံမျက်စည်းကြမ်း (၅)တန်နှင့် ဆီးယိုထုပ် (၅၁) တန်တင်ပို့ခဲ့ရာ ယခင်သီတင်းပတ်ထက် ပိုမိုတင်ပို့နိုင်ခဲ့သည်။

    ယခုသီတင်းပတ်အတွင်း လယ်ယာထွက်ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဆီးဖတ်၊ ဆီးသီးခြောက်၊ ချင်းအစို၊ အုန်းသီးနှင့် စစ်တုံဥတို့ တင်ပို့နိုင်ခဲ့ပြီး ယခုသီတင်းပတ် ငွေလဲနှုန်းမှာ  ၁ တာကာလျှင် ၂၄.၆၀ ကျပ်ဖြစ်ကြောင်း သတင်းရရှိသည်။

Border Trade News

Pages