ပြောင်းဖူးပင်မှရရှိသည့်အမယ်သစ်(သို့) ပြောင်းချဉ်ဖက်

Tue, 03/29/2022 - 09:46 -- admin_ygn

ပြောင်းဖူးပင်များကို Ever Shine Lashio co.ltd ကဝယ်ယူကာတစ်ဖက်နိုင်ငံသို့တင်ပို့ရောင်းချပေးနေသည့်အတွက်ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြောင်းဖူးစိုက်သည့်တောင်သူများပြောင်းဆံနှင့် ပြောင်းဖူးပင်ဈေးကွက်နှစ်ခုရရှိနေ၍ အဆင်ပြေလျက်ရှိပြီး ပြောင်းစိုက် တောင်သူများထံမှပြောင်းပင်များကို အပြင်လိုက်ဝယ်ယူပြီးပြောင်းချဉ်ဖတ်လုပ်ကာအိမ်နီးချင်း တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ရောင်းချပေးနေသည့် ဈေးကွက်တစ်ခုဖြစ်ပေါ်လာ၍ ပြောင်းဖူးချိုးပြီးသားအပင်များ အလဟဿမဖြစ်စေတော့သည့် အတွက် ပြောင်းစိုက် တောင်သူ များအဆင်ပြေလျက်ရှိသည်။ယခင်ကပြောင်းဖူးစိုက်သည့်အခါတွင်အဖူးချိုးခြင်း၊ခြွေခြင်းလှန်းခြင်းတို့ကို အဆင့်ဆင့်ပြုလုပ်ပြီးမှ သွားရောက်ရောင်းချရသော ကြောင့် တစ်နှစ်လျှင် တစ်ခါတည်းသာ စိုက်နိုင်၊ရောင်းနိုင်ချနိုင် ကြောင်းသိရှိရသည်။ ယခုလိုအပင်ပါ ဝယ်ယူပေးခြင်း ကြောင့်အဖူးချိုးအချိန်တွင် ပြောင်းဖူးပင်များကိုပါ တစ်ခါတည်းရိတ်သိမ်းပြီး စက်ရုံသို့သွားရောက်ပေးပို့ခြင်းဖြင့် တောင်သူတွေအတွက် ဝင်ငွေထပ်မံရရှိကြောင်းသိရှိရသည်။ ရာသီဥတုမှန်ပြီးလုပ်အားလည်း စိုက်နိုင်မည်ဆိုလျှင် တစ်နှစ်ကို နှစ်ကြိမ်သုံးကြိမ်ခန့် စိုက်ပျိုး နိုင်မည် ဟု တောင်သူတစ်ဦးထံမှသိရသည်။Ever Shine Lashio co.ltd က လားရှိုးမြို့နှင့်သိန္နီမြို့တို့တွင် စက်ရုံတည်ထားပြီး ပြောင်းဖူးပင်များကို ဝယ်ယူပေးကာ ပြောင်းပင် ချဉ်ဖတ်အနေဖြင့် ကြိတ်ခွဲ၍ တစ်ထုပ်လျှင် ကီလိုဂရမ် ၈၀ဝ ခန့် အလေးချိန်ရှိအောင်ထုပ်ပိုးကာ အိမ်နီးချင်း တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပေးသည့်ဈေးကွက်ကို တစ်နှစ်ကျော်ကြာ စမ်းသပ် ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ စက်ရုံသို့အရောက်ပို့ ပြောင်းပင် တစ်တန်လျှင် ကျပ် ၅၀ဝ၀ဝ နှုန်းခန့်ရရှိကြောင်း၊ ထိုသို့ ပြောင်းဖူးပင်များကိုပါ ပြန်လည်ဝယ်ယူ ပေးနေသည့်အတွက် တစ်နှစ်လျှင် ပြောင်းဖူးစိုက်ပျိုးခြင်းကို နှစ်ခါမှ သုံးခါထိ ပြုလုပ်နိုင်သောကြောင့် တောင်သူများအနေဖြင့် ပြောင်းဖူး ပင်များမှလည်း ဝင်ငွေပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်မာကြည်(လားရှိုး)

Border Trade News

Pages