ပြည်ပဲပုပ်သစ် အဝင်ပါးလာတာကြောင့်လက်လီသာ အရောင်းအဝယ်ဖြစ်

Wed, 03/01/2017 - 08:07 -- admin_ygn

ဖေဖော်ဝါရီ လကုန်ပတ်အတွင်း ပြည်ပဲဈေးကွက်သို့ အခြားဆောင်းပဲ သစ်များ အဝင်များလာပေမယ့် ပဲပုပ်သီးနှံ အဝင်ပါးလာခဲ့လို့ လက်လီသာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပြည်ခရိုင်အတွင်း ပဲပုပ်သီးနှံစိုက်ပျိုးထွက် ရှိမှုမှာ  အခြားပဲများကဲ့သို့ မများဘဲ စိုက်ဧက ထောင်ဂဏန်းမျှသာ စိုက်ပျိုးခဲ့ ကာ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်တို့မှာ  စိုက်ပျိုးလျက်ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ပဲပုပ်သီးနှံဟာ ပဲပေါ်ချိန်ကာလအထွက်လှိုင်ချိန် လောက်သာ လက်လီလက်ကား အရောင်းအဝယ်ဖြစ်နေပေမယ့် ကျန်ကာ လများတွင် လက်လီသမား ပုံမှန်ဝယ်ယူမှုအပေါ် အိတ်အနည်းငယ်ရောင်းချ နိုင်ခဲ့ကြပါတယ်။  ပဲဈေးမှာ တစ်တင်းကျပ် ၂၂၅၀၀ ဖြင့် ဈေးအတက်အကျ သိပ်မဖြစ်ဘဲ ဈေးငြိမ်နေခဲ့ကြောင်းသိရပါတယ်။         

   ခင်ဆွေဝင်း

 

Border Trade News

Pages