ပြင်ဦးလွင်မှ အထူးတန်းဝင် ကုန်းမြင့်ကော်ဖီတင်ပို့မှု တန် ၅၀ဝနီးပါး ပြန်လည်မြင့်တက်လာ

Thu, 04/28/2022 - 09:41 -- admin_ygn

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှ စိုက်ပျိုးထွက်ရှိသည့် အရည်အသွေးမြင့်  အထူးတန်းဝင်  ကုန်းမြင့်ကော်ဖီ ပြည်ပတင်ပို့မှု တန် ၅၀ဝနီးပါး ပြန်လည်မြင့်တက်လာကြောင်း ယင်းမြို့နယ် ကော်ဖီ သုတေသနနှင့် နည်းပညာပြန့်ပွားရေးဗဟိုဌာနမှ သိရသည်။ကိုဗစ်(၁၉)ကပ် ရောဂါကြောင့် ပြီးခဲ့ သည့်၂၀၂၁ခုနှစ်က ပြည်ပသို့     ကော်ဖီတင်ပို့မှုနှုန်း ကျဆင်းခဲ့သော်လည်း ယခုနှစ်တွင် ပုံမှန်တင်ပို့နေရသည့်အခြေအနေကို   ပြန်လည်ရောက်ရှိလာပြီး ပြည်ပနိုင်ငံ ရှစ်နိုင်ငံသို့ တန် ၅၀ဝနီးပါး တင်ပို့လျက်ရှိကြောင်း ယင်း ဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၀ ရက်တွင် ပြောသည်။“ကော်ဖီတင်ပို့မှုက ခါတိုင်းထက်တော့ ဒီနှစ်  နည်းနည်းစော တယ်။ အရင်နှစ်တွေက ကော်ဖီရာသီကုန်တဲ့အချိန် သုံးလပိုင်း၊ လေး လပိုင်းဆိုရင် လာကြည့်တယ်။ ကော်ဖီသောက်သုံးတဲ့သူတွေကို မြည်း စမ်းခိုင်းတယ်။ တချို့ကျတော့လည်း    နမူနာ အရင်မှာတယ်ပေါ့။ ခြောက်လပိုင်းလောက်ကျမှ အရောင်းအဝယ် လုပ် ကြတာ။   ဒီနှစ် အနေအထားကတော့  တော်တော့်ကို စောတယ်လို့ ပြောလို့ရတယ်။ ဒီနှစ်အတွက်က ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလလောက်ကတည်းက ကျန်တဲ့ ကော်ဖီတွေကို ကြိုပြီးတော့ လိုက်ဝယ်နေကြတာပေါ့။ ဒီနှစ် က စိုက်တာလည်းတိုးသလို၊ တင်ပို့တဲ့နှုန်းလည်း တိုးပါတယ်ဓဟု ၎င်း က ပြောသည်။မြန်မာ့ကော်ဖီသည် အရည်အသွေးကောင်းမွန်သည့်အတွက် ကမ္ဘာ့ဈေးကွက်တွင်   ဈေးပိုမိုရရှိနေပြီး ကော်ဖီများကို  ပြည်တွင်း စားသုံးမှု မထိခိုက်စေဘဲ ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။လက်ရှိတွင်   မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် ကော်ဖီများကို ကနေဒါ၊ အင်္ဂလန်၊  အမေရိကန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်း၊ သြစတြေးလျ၊ ဂျာမနီ အစရှိသည့် နိုင်ငံများသို့   တင်ပို့လျက်ရှိ ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် အာရေဗီးကား(ဗမဘေငခေ)ကော်ဖီနှင့် ရိုဘတ် စတာ (ျွသဘကျအေ) ကော်ဖီဟူ၍  နှစ်မျိုးရှိသည့်အနက်  အာရေဗီးကား ကုန်းမြင့်ကော်ဖီ (အထူးတန်းဝင်ကော်ဖီ)ကို အဓိက စိုက်ပျိုးထုတ်လုပ် လျက်ရှိကြောင်း သိရသည်။ပြည်တွင်းရှိ ကော်ဖီစိုက်ခင်းဧက ၅၀ဝ၀ဝ ခန့်တွင် အာရေဗီးကားကော်ဖီ စိုက်ဧက ၄၀ယဝ၀ဝ ခန့်ရှိပြီး နှစ်စဉ် ဒီဇင်ဘာလမှ မတ်လအထိ ခူးဆွတ်ထုတ်လုပ်ကာ ဧပြီလနောက်ပိုင်းမှ စတင်၍ တစ်နှစ်ပတ်လုံး ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

Border Trade News

Pages