နယ်စပ်စခန်းများမှ ဆိုင်ကယ်တင်သွင်းမှု အခြေအနေ

Fri, 06/15/2018 - 08:13 -- admin_ygn

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၀၃ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၉၇၂၀ စီးတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၉၈၆၈ စီးတင်သွင်းခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၁၄၈ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၄၆၉ သန်းတန်ဖိုးရှိ သုံးဘီးဆိုင်ကယ် ၃၆၃ စီးကိုလည်း တင်သွင်းခဲ့ပါတယ်။

ယခုတစ်ပတ်မှာ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ ဆိုင်ကယ်များ ပိုမိုတင်သွင်းခဲ့သော်လည်း မြဝတီ ကုန်သွယ်ရေး ဇုန်မှ လျော့နည်းတင်သွင်းခဲ့လို့ ယခုတစ်ပတ်မှာ လျော့နည်းရခြင်း ဖြစ်ပါတယ်။ တင်သွင်းမှုကိုကြည့်ပါက တမူးကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၂၄ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၂၃ စီး ၊ ကန်ပိုက်တီ ကုန်သွယ်ရေး စခန်းမှ အမေ ရိကန်ဒေါ်လာ သုည ဒသမ ၀၅၉ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၂၇၅ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆၄ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၁၃၇၂ စီး၊ မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၅၆ သန်းတန်ဖိုး ရှိ ဆိုင်ကယ် ၈၀၅၀ စီး တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။

 မျိုးဇော်

 

Border Trade News

Pages