ချောင်းဦးမြို့ရှိ ခရမ်းချဉ်သီးစိုက် တောင်သူများ အရှုံးပေါ်

Wed, 03/01/2017 - 08:08 -- admin_ygn

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ပုရစ်ကုန်းကျေးရွာတွရှိ ခရမ်းချဉ်စိုက်တောင်သူများသည် စိုက်ပျိုးစရိတ် များပြား သလောက် ခရမ်းချဉ်သီးပေါ်ချိန်တွင် ဝယ်လက်များထံမှ ဈေး ကောင်းမရရှိသည့်အတွက် အရှုံးပေါ် လျက် ရှိေ ကြာင်း ဒေသခံ ခရမ်းစိုက်တောင်သူတစ်ဦး၏  ပြောကြားချက်အရ သိရှိရ သည်။ယခုနှစ်ဆောင်းရာသီတွင် ခရမ်းချဉ်ဈေးကွက်၏ရာသီ ပေါ်ဈေးနှုန်းအဖွင့်မှာတစ်ပိသာလျှင် ငွေကျပ်၂၀၀၀ဖြစ်သော် လည်း ဈေးကောင်းချိန်၌  အသီးကောက်၍ အမီရောင်းချနိုင်သူ တောင်သူအနည်းငယ်ခန့်သာရှိခဲ့ရာ အဝင်နည်း၍ ဈေးကောင်း ရခြင်းဖြစ်ကြောင်း မုံရွာအဝယ်ဒိုင်မှ သိရှိရပါ သည်။နှစ်ဆန်း ပြီး နောက်ပိုင်းရက်များတွင် ခရမ်းချဉ်သီးဈေးကွက်သည် တစ်နေ့တစ်ခြား ဈေးနှုန်းကျဆင်းရာ ဖေဖော်ဝါရီလတွင် ရှယ်သီး တစ်ပိဿာလျှင် ငွေကျပ် ၈၀၀ ခန့် ဈေးရှိပါသည်။ ခရမ်းစိုက်တောင်သူများသည် ဈေးကောင်းချိန်တွင် သီးထွက် မကောင်းဖြစ်ခဲ့ပြီး သီးထွက်နှုန်းလှိုင်လှိုင်ပေါ်ချိန် တွင်လည်း ဈေးကောင်းမရသဖြင့် စိုက်ပျိုးစရိတ်အတွက် အရင်းအနှီး အကုန်အကျများကာ အရှုံးပေါ်လျက်ရှိကြောင်း သိရှိရပါ သည်။                        

                   လင်းလင်းသန့်

 

Border Trade News

Pages